ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင်များအား ၎င်းတို့၏မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်

 

နေပြည်တော်  အောက်တိုဘာ  ၁၁


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့     နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး  ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သည့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF    အဖွဲ့ဝင်များကို    ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့  လွှဲပြောင်းပေး အပ်လျက်ရှိသည်။

 


 ယနေ့မွန်းလွဲပိုင်းတွင်လည်း      ရန်ကုန်တိုင်း ဒေသကြီး    အစိုးရအဖွဲ့ရုံးမင်္ဂလာခန်းမ၌     ပြန်လည် ကြိုဆိုလက်ခံခြင်း    အခမ်းအနားကို     ပြုလုပ်ရာ တိုင်းဒေသကြီး  ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊  ခရိုင်/မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များ၊   ဥပဒေဘောင်အတွင်း   ဝင်ရောက် လာသူများနှင့်   ၎င်းတို့၏    မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။ 

 


ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး  တိုင်းမှူးက  အသိပညာပေးစကားများ ပြောကြားသည်။  ထို့နောက်   ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့်   ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့ သော    ရန်ကုန်တိုင်းဒေသကြီး   တောင်ဥက္ကလာပ မြို့နယ်၊    အင်းစိန်မြို့နယ်၊    လှည်းကူးမြို့နယ်၊ သန်လျင်မြို့နယ်၊    ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ကော့မှူးမြို့နယ်၊ ပဲခူး တိုင်းဒေသကြီး    အုတ်ဖိုမြို့နယ်နှင့်  ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုး သား ၁၃ ဦးနှင့်  အမျိုးသမီး ၄ ဦးတို့ကို  ခံဝန်ကတိ လက်မှတ်ရေးထိုးစေကာ     ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး  ၎င်းတို့၏  မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးကြသည်။

 


PDF အပါအဝင်  အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့်    နိုင်ငံတော်၏  ရှေ့လုပ်ငန်းစဉ်များတွင်  ပါဝင် ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက် များနှင့်အညီ   ဥပဒေဘောင်အတွင်းသို့  လက်နက် အပ်နှံပြီး    ပြည်သူ့ဘဝသို့     ပြန်လည်ဝင်ရောက်ခြင်း ပြုမည်ဆိုပါက   ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက  ထုတ်ပြန်ထားပြီးဖြစ်ရာ  ပြစ်မှု ကျူးလွန်ခဲ့ခြင်းမရှိသော      PDF   အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့်   ပြည်နယ်အသီးသီး၌   ဥပဒေ ဘောင်အတွင်း  ပြန်လည်ဝင်ရောက်လျက်ရှိကြသဖြင့် သက်ဆိုင်ရာ   တာဝန်ရှိသူများက  ၎င်းတို့၏   မိဘ အုပ်ထိန်းသူများထံသို့     လွှဲပြောင်းအပ်နှံပေးလျက် ရှိကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်