ဥပဒေဘောင်အတွင်း လက်နက်/ခဲယမ်းများနှင့်အတူ ပြန်လည်ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်

 

နေပြည်တော်   မေ  ၁၀


တိုင်းရင်းသား      လက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်းသင်တန်းများ တက်ရောက် ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့်ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော  PDF အဖွဲ့ဝင်များအား      ပြန်လည်ကြိုဆို လက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများ ထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက် ရှိသည်။ ထိုသို့ ပြုလုပ်လျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်    နယ်မြေခံ သင်တန်းကျောင်းခန်းမ၌ မိဘအုပ်ထိန်း သူများထံ လွှဲပြောင်းပေးအပ်ခြင်းအခမ်း အနားကို   ပြုလုပ်ရာ   အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ မန္တလေးတပ်နယ်မှ တာဝန်ရှိ သူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ များနှင့်   ၎င်းတို့၏မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

 


ဦးစွာ တပ်နယ်မှတာဝန်ရှိသူတစ်ဦး က  အမှာစကား   ပြောကြားသည်။ ထို့နောက် အလင်းဝင်ရောက်လာသူများ က   ၎င်းတို့နှင့်အတူ    ပါရှိလာသော  BAREDDA အမျိုးအစား ပစ္စတို တစ်လက်၊ လက်လုပ်ပစ္စတို နှစ်လက်နှင့် ခဲယမ်းများ အား   အပ်နှံကြရာ   တာဝန်ရှိသူများက လက်ခံရယူကြပြီး    ထောက်ပံ့ငွေများ ပြန်လည်ပေးအပ်ကြသည်။ 

 


ယင်းနောက်   ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့်      ပြစ်မှု ကျူးလွန်ခြင်းမရှိခဲ့သော မန္တလေးတိုင်း ဒေသကြီး   မဟာအောင်မြေမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်အတွင်းမှ  PDF အဖွဲ့ဝင် အမျိုးသား သုံးဦး၊ မကွေးတိုင်း ဒေသကြီး ဂန့်ဂေါမြို့နယ်အတွင်းမှ  PDF  အဖွဲ့ဝင် အမျိုးသား တစ်ဦး၊ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းမှ  PDF  အဖွဲ့ဝင် အမျိုးသားတစ်ဦးတို့ကို  တာဝန်ရှိသူများ က  ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ ၎င်းတို့၏    မိဘအုပ်ထိန်းသူများထံသို့    လွှဲပြောင်းအပ်နှံပေးကြသည်။

 


PDF အပါအဝင်အဖွဲ့အစည်းအမျိုးမျိုး တို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် များတွင်  ပါဝင်ပူးပေါင်းဆောင်ရွက်နိုင် ရေး      သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ဥပဒေဘောင်အတွင်းသို့ လက်နက် အပ်နှံပြီး   ပြည်သူ့ဘဝသို့    ပြန်လည် ဝင်ရောက်ခြင်း    ပြုမည်ဆိုပါက   ကြိုဆို လက်ခံသွားမည်ဖြစ်ကြောင်းနှင့်  လက် နက်/ခဲယမ်းများ   ပါရှိသူများကိုလည်း ဆုကြေးငွေများ  ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း      နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားပြီးဖြစ်ရာ  ပြစ်မှုကျူးလွန် ခဲ့ခြင်းမရှိသော   PDF   အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လျက်ရှိကြသဖြင့်  သက်ဆိုင်ရာတာဝန်ရှိ သူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများ ထံသို့    လွှဲပြောင်းအပ်နှံပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။  

သတင်းစဉ်