
နေပြည်တော် နိုဝင်ဘာ ၁၆
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော် ဂီတပွဲတော်” Season-2 သီချင်းဆိုပြိုင်ပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် စက်တင်ဘာ ၂ ရက်မှ စတင်ပြီး ပွဲစဉ်(၁၈)ပွဲဖြင့် အပတ်စဉ် သောကြာ နေ့ညတိုင်း ကျင်းပလျက်ရှိရာ ဒီဇင်ဘာ ၃၀ ရက်အထိ ဆက်လက်ကျင်းပမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲများတွင် အကဲဖြတ်ဒိုင်များ အဖြစ် ထပ်ဆင့်အကယ်ဒမီချိုပြုံး၊ စန္ဒရားမျိုးနိုင် နှင့် တေးသံရှင် ခိုင်ဝါတို့ကလည်းကောင်း၊ သရုပ်ဆောင်/ တေးသံရှင်များဖြစ်ကြသည့် ဝေလျှံနှင့် သဉ္ဇာမြင့်မိုရ်တို့က အစီအစဉ်တင်ဆက် သူများအဖြစ်လည်းကောင်း ဆက်လက်ဆောင် ရွက်ကြမည်ဖြစ်သည်။
ယင်းပြိုင်ပွဲသို့ နေပြည်တော်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ ရွေးချယ်ထားသည့် ပြိုင်ပွဲဝင်သုံးဦးစီဖြင့် စုစုပေါင်း ၄၅ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲ၏ ဒုတိယအဆင့် (Level – 2)တွင် ယှဉ်ပြိုင်ရန် ပြိုင်ပွဲဝင် ၁၀ ဦး ပေါ်ထွက်လာပြီဖြစ်၍ နိုဝင်ဘာ ၁၈ ရက်နေ့ (သောကြာနေ့)ည ၉ နာရီခန့်တွင် ပွဲစဉ်(၁၂)ကို စိတ်ကြိုက်တေးသီချင်းများဖြင့် သီဆိုယှဉ်ပြိုင် ကြပြီး ယင်းတို့၏ သီဆိုယှဉ်ပြိုင်ကြပုံများကို MRTV-HD မှ တိုက်ရိုက် Live ရိုက်ကူးထုတ် လွှင့်သွားမည်ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲ၏ ဒုတိယအဆင့် (Level-2) မှစ၍ အကဲဖြတ်ဒိုင်များ၏ အမှတ်ပေးမှု ၃၀ ရာခိုင်နှုန်းနှင့် ပရိသတ်များ၏ SMS Voting ဖြင့် ပေးပို့မှု ၇၀ ရာခိုင်နှုန်း သတ်မှတ်ထားရှိရာ ပရိသတ်များအနေဖြင့် ပြိုင်ပွဲဝင်များဖြစ်ကြ သော ကချင်ပြည်နယ်မှ မေဇီ (MFO1) ၊ ချင်း ပြည်နယ်မှ မြင့်မြတ်သူ (MFO2) ၊ ရန်ကုန်တိုင်း ဒေသကြီးမှ ထွန်းပပအောင် (MFO3)၊ စစ်ကိုင်း တိုင်းဒေသကြီးမှ ရေဂျီးနား (MFO4) ၊ ပဲခူးတိုင်း ဒေသကြီးမှ လျှမ်းထက်ကို (MFO5)၊ ကရင် ပြည်နယ်မှ ချိုသဲဦး (MFO6) ၊ ကချင်ပြည်နယ်မှ လလဆွတ် (MFO7)၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဇင်လေး (MFO8)၊ နေပြည်တော်မှ ပူတူး (MFO9) နှင့် ဧရာဝတီတိုင်းဒေသကြီးမှ စိုးထက်အောင် (MFO10) တို့အား Voting Line ဖွင့်ပေးထားသည့် အချိန်အတွင်း SMS အရေ အတွက် အကန့်အသတ်မရှိ ပေးပို့နိုင်မည် ဖြစ်ပါသည်။
Voting Line ကို ပွဲစဉ် (၁၂) စတင်ထုတ် လွှင့်မည့် နိုဝင်ဘာ ၁၈ ရက် ည ၉ နာရီမှ ပွဲစဉ်(၁၃) Result Show ထုတ်လွှင့်မည့် နိုဝင်ဘာ ၂၅ ရက် ည ၉ နာရီမတိုင်မီ မွန်းတည့် ၁၂ နာရီအထိ ဖွင့်လှစ်ပေးထားမည်ဖြစ်ရာ ပရိသတ်များအနေဖြင့် မိမိကြိုက်နှစ်သက် သည့် ပြိုင်ပွဲဝင်ကို SMS Voting ပေးပို့နိုင် မည်ဖြစ်သည်။ အဆိုပါ အစီအစဉ်ကို နိုဝင်ဘာ ၂၀ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခန့်တွင် ပြန်လည်ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်