“တူယှဉ်နွှဲပျော် ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ Season-2 ပွဲစဉ်(၁၈) Grand Final ပြိုင်ပွဲတွင် စိုးထက်အောင် ပထမဆုရရှိ

 

ရန်ကုန်   ဒီဇင်ဘာ   ၃၀
(၇၅)နှစ်မြောက်     စိန်ရတု လွတ်လပ်ရေးနေ့ကို      ကြိုဆို ဂုဏ်ပြုသောအားဖြင့် “တူယှဉ် နွှဲပျော် ဂီတပွဲတော်”   Seson-2 ပွဲစဉ်(၁၈) Grand Final ပြိုင်ပွဲကို ယနေ့ညပိုင်းက        ရန်ကုန်မြို့ ပြည်လမ်းရှိ    မြန်မာ့အသံနှင့် ရုပ်မြင်သံကား      စတူဒီယို(အေ)တွင် ကျင်းပသည်။ 
ကြည့်ရှုအားပေး
ဂီတပွဲတော်၏ Grand Final ပြိုင်ပွဲသို့    ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ     လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ ရန်ကုန်မြို့တော်ဝန်နှင့် စည်ပင်သာယာရေး    ဝန်ကြီး ဦးဗိုလ်ဌေး၊  စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊    သယံဇာတ ရေးရာဝန်ကြီး     ဦးဇော်ဝင်း၊ လူမှုရေးရာဝန်ကြီး  ဦးအောင်ဝင်း သိန်း၊    ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်း၊     ရန်ကုန် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်          ဝင်းမြင့်ခိုင်တို့ တက်ရောက်ကြပြီး    ရန်ကုန်တိုင်း ဒေသကြီးမှ     ထွန်းပပအောင် (MF03)၊ နေပြည်တော်မှ  ပူတူး (MF09)နှင့်   ဧရာဝတီတိုင်းဒေသ ကြီးမှ   စိုးထက်အောင်    (MF10)တို့၏       ပြဋ္ဌာန်းတေးသီချင်းနှင့် စိတ်ကြိုက်         သီချင်းများဖြင့် ယှဉ်ပြိုင်သီဆိုမှုကို  ဧည့်ပရိသတ် များနှင့်အတူ  ကြည့်ရှုအားပေးကြ သည်။ 
ပြိုင်ပွဲဝင်     သုံးဦးယှဉ်ပြိုင် ပြီးနောက်   ဧည့်သည်အဆိုတော် များ ဖြစ်ကြသည့်  ရဲအောင်၊ စိုးသူ၊ Dဖြိုး၊  အိအိလှိုင်၊  စောဒယ်နီရယ်၊ ချိုမီမီဇော်၊     ဖူးဧကရီဆောင်း၊ အင်ကြင်းနိုင်ဦးနှင့်     ခိုင်သစ္စာ တို့က ဖျော်ဖြေကြပြီး   (၇၅)  နှစ် မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တူယှဉ်နွှဲပျော်      ဂီတပွဲတော် Season-2  ပိတ်ပွဲသီချင်း Group Song       သီဆိုဖျော်ဖြေမှုတွင် တူယှဉ်နွှဲပျော်     အဖွဲ့သားများက “စည်းလုံးခြင်းအတွက်    သီချင်း တစ်ပုဒ်”    နှင့်   “တူယှဉ်နွှဲပျော် ဂီတပွဲတော်”   တေးသီချင်းတို့ဖြင့်         သံပြိုင်သီဆိုကြရာ တက်ရောက်     အားပေးကြသည့် ပရိသတ်တို့က           တစ်ခဲနက် သောင်းသောင်းဖြဖြ   အားပေးကြသည်။
၁၈ ပတ်အကြာ ပြိုင်ပွဲကျင်းပ
တူယှဉ်နွှဲပျော်    ဂီတပွဲတော် Season-2    သီချင်းဆိုပြိုင်ပွဲကို ၂၀၂၂ ခုနှစ်  စက်တင်ဘာ ၂ ရက် မှစတင်၍        နေပြည်တော် အပါအဝင်အဝင်      ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ပြိုင်ပွဲ ဝင် ၄၅ ဦးကို   ရန်ကုန်မြို့သို့ ဖိတ်ခေါ်၍ အပတ်စဉ် သောကြာ နေ့တိုင်း  ပြဋ္ဌာန်းတေးသီချင်းနှင့်    စိတ်ကြိုက်  တေးသီချင်းများအား      ရက်သတ္တပတ်  ၁၈   ပတ်အကြာ ပြိုင်ပွဲကို     ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး      အဆိုပါပြိုင်ပွဲတွင်       အကဲဖြတ်ဒိုင်များအဖြစ် အနုပညာ ရှင် ထပ်ဆင့်   အကယ်ဒမီ    ချိုပြုံး၊      စန္ဒရားမျိုးနိုင်နှင့်     တေးသံရှင် ခိုင်ဝါတို့က ဆောင်ရွက်ကြသည်။     သရုပ်ဆောင်/ တေးသံရှင်များဖြစ် ကြသည့် ဝေလျှံနှင့်   သဉ္ဇာမြင့်မိုရ် တို့က အစီအစဉ်တင်ဆက်သူများ အဖြစ် ဆောင်ရွက်ကြပြီး ဒီဇင်ဘာ ၂၃     ရက်တွင်    ကျင်းပခဲ့သည့် ပွဲစဉ်(၁၇) Semi Final ပြိုင်ပွဲတွင် စိုးထက်အောင်၊    ထွန်းပပအောင် နှင့် ပူတူးတို့က   အကဲဖြတ်ဒိုင်တို့၏ ပေးမှတ်   ၃၀   ရာခိုင်နှုန်းနှင့် ပရိသတ်တို့၏ SMS Voting ရမှတ် ၇၀  ရာခိုင်နှုန်းတို့ဖြင့်    နောက် တစ်ဆင့်     တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ 
ယနေ့ည Grand Final ပြိုင်ပွဲ တွင် ၂၀၂၂-ခုနှစ်၏ တူယှဉ်နွှဲပျော် ဂီတပွဲတော်  (Season-2)   ၏ Winner ဆုရရှိသွားသော ဧရာဝတီ တိုင်းဒေသကြီးမှ စိုးထက်အောင် အား အကယ်ဒမီများရှင်  ချိုပြုံး (အပေါ်ပုံ)၊ ဒုတိယဆုရ ရန်ကုန်တိုင်း ဒေသကြီးမှ မထွန်းပပအောင်အား အကယ်ဒမီနေအောင်နှင့် တတိယ ဆုရရှိသော       နေပြည်တော်မှ မပူတူးကို တေးသံရှင်ခိုင်ဝါတို့က  ဆုများ    ပေးအပ်ချီးမြှင့်သည်။ Top(6)အဆင့်တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပဲခူးတိုင်းဒေသကြီးမှ လျှမ်းထက်ကို (MF 05)အားလည်း ကောင်း၊    ရန်ကုန်မြို့တော်ဝန် နှင့်  စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေးက ကရင်ပြည်နယ်မှ ချိုသဲဦး(MF06)ကိုလည်းကောင်း၊ စန္ဒရားမျိုးနိုင်က   ကချင်ပြည် နယ်မှ   လလဆွတ်(MF 07)ကို လည်းကောင်း၊ Top(7)အဆင့်တွင် စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့် အောင်က        ချင်းပြည်နယ်မှ မြင့်မြတ်သူ(MF 02) အားလည်း ကောင်း၊ Top(10)   အဆင့်တွင် ရန်ကုန်တိုင်းဒေသကြီး သယံဇာတ ရေးရာဝန်ကြီး   ဦးဇော်ဝင်းက စစ်ကိုင်းတိုင်းဒေသကြီးမှ ဇင်လေး (MF 08)   အားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး    လူမှု ရေးရာဝန်ကြီး ဦးမောင်မောင်သန်း က     စစ်ကိုင်းတိုင်းဒေသကြီးမှ ရေဂျီးနား  (MF 04)  ကိုလည်း ကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး   ဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင်က ကချင်ပြည်နယ်မှ မေဇီ (MF 01)ကိုလည်းကောင်း ဆုများ ချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိသည်။                  

သတင်းစဉ်