“တူယှဉ်နွှဲပျော် ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ ဒုတိယအဆင့်ပွဲစဉ် စိတ်ကြိုက်သီချင်းသီဆိုမှု မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက် Live ပြသမည်

 

နေပြည်တော်  ဖေဖော်ဝါရီ   ၂


စိန်ရတု     ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့်  “တူယှဉ် နွှဲပျော်   ဂီတပွဲတော်”   သီချင်းဆို ပြိုင်ပွဲ  ဒုတိယအဆင့်ပွဲစဉ်  စိတ် ကြိုက်သီချင်းသီဆိုမှုကို ဖေဖော် ဝါရီ ၄ ရက် (သောကြာနေ့) ည တွင်    မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့် မည် ဖြစ်သည်။   

 


တူယှဉ်နွှဲပျော်   ဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ   ၂၆   ရက်မှ  စတင်၍ အပတ်စဉ်  သောကြာနေ့ညတိုင်း ကျင်းပခဲ့ရာ   ယခုအခါ   ဒုတိယ အဆင့်ပြိုင်ပွဲကို        ပြိုင်ပွဲဝင် ၁၀ ဦးဖြင့် ဖေဖော်ဝါရီ ၄ ရက်တွင် စိတ်ကြိုက်  တေးသီချင်းများဖြင့် လည်းကောင်း၊ ဖေဖော်ဝါရီ ၆ ရက် တွင် ပြဋ္ဌာန်းတေးသီချင်းများဖြင့် လည်းကောင်း ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ 
အဆိုပါပွဲစဉ်၌ တိုင်းရင်းသားပြိုင်ပွဲဝင်များဖြစ်ကြသည့် မကွေး တိုင်းဒေသကြီးမှ MF01 မြတ်နိုးစံ၊ ရန်ကုန်တိုင်းဒေသကြီးမှ MF02 ကြူကြူခိုင်၊   စစ်ကိုင်းတိုင်းဒေသ ကြီးမှ MF03 ရေဂျီနား၊ မန္တလေး တိုင်းဒေသကြီးမှ MF04 ဇော်ထွေး လတ်၊  ကချင်ပြည်နယ်မှ  MF05 အရိန့်၊ ဧရာဝတီတိုင်းဒေသကြီးမှ MF06 ဇင်သူသူထွန်း ၊ ဧရာဝတီ တိုင်းဒေသကြီးမှ MF07 ချိုမီမီဇော်၊ ကရင်ပြည်နယ်မှ MF08 ချမ်းဟိန်း ဝင်းထွန်း၊     ရန်ကုန်တိုင်းဒေသ ကြီးမှ MF09 ဈာန်ထူး၊ ပဲခူးတိုင်း ဒေသကြီးမှ  MF10 ချစ်နု တို့က ယှဉ်ပြိုင်သီဆိုကြမည်ဖြစ်ပြီး The  Ensemble       တေးဂီတအဖွဲ့မှ တီးခတ်ပေးမည်ဖြစ်သည်။ 

 


ပထမပွဲစဉ်   အုပ်စုပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်အဖွဲ့၏ အမှတ်ပေး မှုဖြင့်  ဆောင်ရွက်ခဲ့သော်လည်း ဒုတိယအဆင့်နှင့် တတိယအဆင့် ပြိုင်ပွဲများတွင်  အကဲဖြတ်ဒိုင်များ အမှတ်ပေးမှုအပြင် ပရိသတ်များ  အနေဖြင့် MPTနှင့် Mytel SIM Card  များကို အသုံးပြု၍ Voting မဲပေးနိုင်မည်ဖြစ်ရာ         မိမိတို့ ကြိုက်နှစ်သက်သည့် ပြိုင်ပွဲဝင်ကို Voting   Time    သတ်မှတ်ချိန် အတွင်း SMS ပေးပို့မဲပေးခြင်းကို အရေအတွက်    အကန့်အသတ် မရှိဘဲ  MPT  Sim  Card  များမှ ကုဒ်နံပါတ်   “7522”    သို့လည်း ကောင်း၊ Mytel Sim Card များမှ  ကုဒ်နံပါတ်    ‘7575’    သို့လည်း ကောင်း SMS ဖြင့် ပြိုင်ပွဲဝင်၏ MF နံပါတ်ကို ရိုက်နှိပ်၍ ပေးပို့နိုင်မည် ဖြစ်သည်။ ယင်းပြိုင်ပွဲကို ဒုတိယ အကြိမ်အဖြစ် ဖေဖော်ဝါရီ ၆ ရက်  (တနင်္ဂနွေနေ့)  နံနက် ၁၀ နာရီခွဲ တွင်   ထပ်မံထုတ်လွှင့်ပြသမည် ဖြစ်သည်။ 

 


ပွဲစဉ်၏   နောက်ဆုံးသုံးပွဲကို  ရန်ကုန်မြို့ပြည်သာယာရှိ  မြဝတီ မီဒီယာစင်တာတွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၄ ရက် (သောကြာနေ့)၊ ဖေဖော်ဝါရီ ၆ ရက်(တနင်္ဂနွေနေ့) နှင့်    ဖေဖော်ဝါရီ   ၁၁     ရက် (သောကြာနေ့)       ညများတွင် တိုက်ရိုက်    Live      ရိုက်ကူး ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း သိရသည်။                

သတင်းစဉ်