“တူယှဉ် နွှဲပျော် ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ အုပ်စု(င) ဒုတိယပွဲစဉ် မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက် Live ပြသမည်

 

နေပြည်တော်    ဇန်နဝါရီ    ၂၆


စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသော အားဖြင့်   “တူယှဉ်နွှဲပျော်  ဂီတပွဲတော်” သီချင်းဆို ပြိုင်ပွဲ အုပ်စု(င)   ဒုတိယပွဲစဉ်ကို   ဇန်နဝါရီ ၂၈ ရက် (သောကြာနေ့)   ညတွင်  မြန်မာ့အသံနှင့်           ရုပ်မြင်သံကြားမှ တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့်မည်။  
အဆိုပါပွဲစဉ်၌  တိုင်းရင်းသားပြိုင်ပွဲ ဝင်များဖြစ်ကြသည့်     မွန်ပြည်နယ်မှ  အေးသက်ထားဇော်၊       ဧရာဝတီတိုင်း ဒေသကြီးမှ  ဇင်သူသူထွန်း၊ မကွေးတိုင်း ဒေသကြီးမှ    ရန်လေး၊    နေပြည်တော်မှ ကျော်မျိုးထက်၊        ရခိုင်ပြည်နယ်မှ  သန်းသန်းဆင့်၊  တနင်္သာရီတိုင်းဒေသကြီး မှ  ရာဇာ၊ ရှမ်းပြည်နယ်မှ ဇင်နွယ်၊ ပဲခူး တိုင်းဒေသကြီးမှ ချစ်နုနှင့် စစ်ကိုင်းတိုင်း ဒေသကြီးမှ   စုလတ်ဖြူတို့က ယှဉ်ပြိုင် သီဆိုကြမည်ဖြစ်ပြီး     မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ခေတ်ပေါ်တေးဂီတအဖွဲ့မှ  တီးခတ်ပေးမည်ဖြစ်ကာ  ဒုတိယအကြိမ် အဖြစ် ဇန်နဝါရီ ၃၀ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင် ထပ်မံထုတ်လွှင့် ပြသမည် ဖြစ်သည်။

 

 
“တူယှဉ် နွှဲပျော် ဂီတပွဲတော်”သီချင်း ဆိုပြိုင်ပွဲတွင်  နေပြည်တော်၊  ပြည်နယ် နှင့် တိုင်းဒေသကြီးတို့မှ တိုင်းရင်းသား ညီအစ်ကို  မောင်နှမသုံးဦးစီဖြင့် စုစုပေါင်း ၄၅  ဦးတို့က အဖွဲ့ ငါးဖွဲ့ခွဲ၍ အုပ်စုပွဲစဉ် ၁၀  ပွဲကို   ရန်ကုန်မြို့  ပြည်လမ်းရှိ မြန်မာ့ အသံနှင့်    ရုပ်မြင်သံကြားတွင်    လည်း ကောင်း၊ နောက်ဆုံးပွဲစဉ် သုံးပွဲကို ရန်ကုန် မြို့  ပြည်သာယာရှိ မြဝတီမီဒီယာစင်တာ တွင်လည်းကောင်း နိုဝင်ဘာ ၂၆ ရက် မှစပြီး အပတ်စဉ် သောကြာနေ့ညများတွင်  တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့်ပြသ လျက်ရှိရာ ဖေဖော်ဝါရီ ၆ ရက် (တနင်္ဂနွေ နေ့) ညအပါအဝင် ဖေဖော်ဝါရီ ၁၁ ရက် အထိ အပတ်စဉ် သောကြာနေ့ညတိုင်း သီဆိုယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရ သည်။                              

 

သတင်းစဉ်