
အန်ကာရာ ဖေဖော်ဝါရီ ၆
တူရကီ သမ္မတ ရီဆက်တိုင်ရက် အာဒိုဂန်က ၎င်းတွင် ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း ပြောကြားခဲ့ သည်။ သမ္မတအာဒိုဂန်က ၎င်းတို့ ဇနီးမောင်နှံနှစ်ဦးလုံးတွင်ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်းနှင့် အိုမီခရွန်၏ အပျော့စားလက္ခဏာများသာ ခံစားရ ကြောင်း တွစ်တာပေါ်တွင် ရေးသားခဲ့သည်။
တူရကီသမ္မတသည် ဖေဖော်ဝါရီ ၃ ရက်တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနှင့် ကီယက်ဗ်မြို့၌ တွေ့ဆုံခဲ့သည်။ ယူကရိန်းနိုင်ငံ နှင့် ရုရှားနိုင်ငံတို့ကြား တင်းမာ မှုများကို ဖြေလျှော့ပေးရန်အတွက် ကြားဝင်ဆောင်ရွက်ပေးရန် ဆန္ဒ ရှိကြောင်း အာဒိုဂန်က ၎င်း၏ သဘောဆန္ဒကို ဖော်ပြခဲ့ပြီး နေအိမ် ၌ပင် အလုပ်လုပ်ကိုင်သွားမည်ဖြစ် ကြောင်း တူရကီ သမ္မတက ပြော သည်။
တူရကီနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုများ မြင့်မားလာမှုကို ကိုင်တွယ်ဖြေရှင်းရန် ရုန်းကန် နေရသည်။ နေ့စဉ်ကူးစက်မှုများ မှာလည်း ဖေဖော်ဝါရီ ၄ ရက် တွင် ပထမဆုံးအကြိမ်အဖြစ် ၁၁၁၀၀၀ အထိ ရှိလာခဲ့သည်။
အင်န်အိတ်ချ်ကေ