တူရကီနိုင်ငံ၌ ပြင်းထန်သည့် နှင်းမုန်တိုင်းကြောင့် အစ္စတန်ဘူလ်လေဆိပ်ရှိ  လေကြောင်းခရီးစဉ်များအားလုံး ဖျက်သိမ်း

 

 

အစ္စတန်ဘူလ် ဇန်နဝါရီ ၂၅
တူရကီနိုင်ငံ အစ္စတန်ဘူလ်လေဆိပ်တွင် ဇန်နဝါရီ ၂၄ ရက်က ပြင်းထန် သည့် နှင်းမုန်တိုင်းကြောင့် လေကြောင်းလုံခြုံစိတ်ချရမှုအတွက် စိုးရိမ် ရသဖြင့်  လေကြောင်းခရီးစဉ်များအားလုံးကို  ဖျက်သိမ်းခဲ့ရသည်ဟု သိရသည်။ 
ရာသီဥတုဆိုးရွားမှုကြောင့်  လေကြောင်းခရီးစဉ်များကို  ယာယီ အားဖြင့်ရပ်နားခဲ့ရသည်ဟု လေဆိပ်အာဏာပိုင်အဖွဲ့က ၎င်းတို့၏  တွစ်တာ စာမျက်နှာမှတစ်ဆင့် ကြေညာခဲ့သည်။ မလိုအပ်ဘဲ ခရီးမထွက်ကြရန် လည်း အစ္စတန်ဘူလ်အုပ်ချုပ်ရေးမှူး အလီယာလီကာရာက ဒေသခံများ ကို တောင်းဆိုခဲ့သည်။ 
နှင်းများထူထပ်စွာကျမှုကြောင့်    လမ်းများပိတ်ဆို့မှုဖြစ်ပွားနေ သဖြင့်   မြူနီစပယ်လုပ်သား ၇၄၀၀ မှာ အဆိုပါနှင်းများကို  ရှင်းလင်း နိုင်ရေး ကြိုးပမ်းနေကြသည်။ 
ဆင်ဟွာ