
အစ္စတန်ဘူလ် ဇန်နဝါရီ ၃၀
တူရကီနိုင်ငံ၌ ပြီးခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၉၄၇၈၃ ဦးကို ထပ်မံ တွေ့ရှိရပြီး ၎င်းအရေအတွက်သည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့ပြီး နောက်တစ်ရက် အတွင်း အမြင့်ဆုံးရောဂါကူးစက်သူအရေအတွက် ဖြစ်လာကြောင်း ကျန်းမာရေးဝန်ကြီး ဖာရက်တင် ကိုကာက ပြောကြားသည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု များပြားလာခြင်းမှာ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုများကြောင့်ဖြစ်သည်။
နိုင်ငံအတွင်း နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက် မှုများ မြင့်တက်လာခြင်းအပေါ် စိုးရိမ်ကြောင့်ကြနေစရာမလိုအပ်ကြောင်းနှင့် နိုင်ငံသားများသည် ကိုဗစ်-၁၉ ရောဂါဘေးမှ ကင်းလွတ်ရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူသွားရမည်ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းများကိုလည်း လိုက်နာရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကင်းစင်ရေးအတွက် ယမန်နှစ် ဒီဇင်ဘာလကုန်၌ ငါးကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအား စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုးကား - စီဂျီတီအင်န်
ဘာသာပြန် - စိုးသူရ