
ယနေ့ခေတ်သည် သတင်းနှင့်နည်းပညာခေတ်ဖြစ်သဖြင့် အင်တာနက်မှတစ်ဆင့် များစွာလေ့လာသင်ယူနိုင်ကြောင်း၊ လေ့လာမှုများ ဆောင်ရွက်ရာတွင်လည်း ထဲထဲဝင်ဝင်၊ ထိထိရောက်ရောက် လေ့လာနိုင်ရန်လိုကြောင်း၊ မိမိကိုယ်တိုင် တန်ဖိုးရှိရန်အတွက် မိမိတို့ အလုပ်ကို အလေးထားရန်နှင့် မိမိတို့တတ်ကျွမ်းသည့်ပညာရပ်များကို အလေးထားရန်လိုကြောင်း၊ အလေးထားခြင်းနှင့် လေးစားခြင်း နှစ်မျိုးရှိကြောင်း၊ ငွေကိုအလေးထားသူများက ငွေနောက်ကိုလိုက်ကြပြီး ပညာအလေးထားသူများက ပညာနောက်ကို လိုက်ကြ ကြောင်း၊ အလုပ်ကိုအလေးထားပါက အလုပ်ကိုအချိန်ပေး၍ စူးစိုက်ပြီး ဆောင်ရွက်ရကြောင်း၊ အလားတူအချိန်ကိုလည်း လေးစား တန်ဖိုးထားရန် လိုကြောင်း။
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၇-၁-၂၀၂၂ ရက်နေ့တွင် အဆင့်မြင့်ပညာကဏ္ဍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်)