တတိယအကြိမ် အကြမ်းဖက်မှုဆန့်ကျင်ရေးနှင့် နိုင်ငံဖြတ်‌ကျော်လုံခြုံရေးဆိုင်ရာ ဝန်ကြီးအဆင့် ဒေသခွဲအစည်းအဝေးကျင်းပ

 

 

နေပြည်တော် ဒီဇင်ဘာ ၁

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်း ထွန်းသည် ယနေ့နံနက်ပိုင်းတွင် Virtual Forum အဖြစ် ကျင်းပခဲ့သည့် တတိယအကြိမ် အကြမ်းဖက်မှု ဆန့်ကျင်ရေးနှင့် နိုင်ငံဖြတ်‌ကျော် လုံခြုံရေးဆိုင်ရာ ဝန်ကြီးအဆင့် ဒေသခွဲ အစည်းအဝေးသို့ တက်ရောက် ဆွေးနွေးသည်။

အဆိုပါ အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံနှင့် သြစတြေးလျ နိုင်ငံတို့မှ ပူး‌ပေါင်းစီစဉ်ကျင်းပပြီး အစည်းအဝေး ပူးတွဲသဘာပတိအဖြစ် အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံရေး၊ လုံခြုံရေး နှင့် ဥပဒေရေးရာ ညှိနှိုင်းရေးဝန်ကြီး Prof. Dr.Mahfud MDနှင့်သြစတြေးလျ နိုင်ငံ၊ ပြည်ထဲရေးဝန်ကြီး The Hon Peter Dutton MP တို့က ဆောင်ရွက် သည်။

အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက အကြမ်းဖက်မှု ဆန့်ကျင်ရေးနှင့် နိုင်ငံဖြတ်ကျော် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ကိုဗစ်-၁၉ အကျိုး သက်ရောက်မှုနှင့် ပြည်ပမှ အကြမ်း ဖက် တိုက်ခိုက်သူများ (Foreign Terrorist Fighters regional prepa- redness)အပိုင်းတွင် ပါဝင်ဆွေးနွေး သည်။

အစည်းအဝေးတွင် ပူးတွဲ ကြေညာချက်ကို အတည်ပြုခဲ့သည်။ ယင်းကြေညာချက်တွင် ဝန်ကြီးများ အနေဖြင့် နိုင်ငံတကာက လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဒေသ တွင်းကျန်းမာရေးစနစ်များ၊ စီးပွားရေး နှင့် လူ့အသိုက်အဝန်းများ ထိခိုက်ခံ နေရမှုတို့ကို အလေးအနက်ထား၍ ကမ္ဘာ့ကပ်ရောဂါ ကာလအတွင်း အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးတွင် ကြုံတွေ့ရသည့် မဟာဗျူဟာ လက်တွေ့စိန်ခေါ်မှုများနှင့် ဒေသ တွင်း အန္တရာယ်ရပ်ဝန်းကိစ္စတို့ကို ဖြေရှင်းရေးအတွက် ဆွေးနွေးခဲ့ကြ သည်။

ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေသည့် တိုင်အကြမ်းဖက်သမားများက အစွန်း ရောက်ဝါဒများကို ဖြန့်ကြက်ခြင်းနှင့် တိုက်ခိုက်မှုများ ပြုလုပ်နေကြ ကြောင်း၊ ဝန်ကြီးများက နိုင်ငံတကာ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များ ကို ရှုတ်ချခဲ့ကြောင်း ထပ်လောင်းပြော ကြားကြသည်။

ယနေ့ကမ္ဘာတွင် အကြမ်းဖက် ဝါဒတိုက်ဖျက်ရေးလုပ်ငန်းကို အရှိန် တိုးမြှင့်ဆောင်ရွက်ရန် လိုကြောင်း၊ အရှေ့အလယ်ပိုင်းရှိပြည်ပမှ အကြမ်း ဖက်တိုက်ခိုက်သူများ (Foreign Terr- orist Fighters- FTF) အုပ်စုပြိုကွဲ ပြီးနောက် ဒေသတွင်းသို့ ၎င်းတို့ မိသားစုများနှင့် ပြန်လည်ဝင်ရောက် လာကြရာ ယင်းအချက်သည် ဒေသ တွင်းလုံခြုံရေးကို ထိပါးလာနိုင်သည့် အန္တရာယ်တစ်ရပ်ဖြစ်ကြောင်း၊ အစိုးရ၊ ပြည်သူ၊ ဘာသာရေးခေါင်းဆောင်များ အနေဖြင့် အစွန်းရောက်အကြမ်းဖက် ဝါဒတားဆီးရေးတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း ဆွေးနွေး ခဲ့ကြသည်။

ဝန်ကြီးများအနေဖြင့် အကြမ်း ဖက်မှုဆန့်ကျင်ရေးနှင့် နိုင်ငံဖြတ် ကျော် လုံခြုံရေးဆိုင်ရာ ဒေသခွဲ အစည်းအဝေးမှတစ်ဆင့် အန္တရာယ် ရပ်ဝန်းနှင့် ပတ်သက်၍ ဘုံသဘော တူညီချက် ချမှတ်ရန်၊ ပြဿနာများ ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ဦးစားပေးသတ်မှတ်ရန်၊ ဒေသတွင်း လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို တားဆီးရာတွင် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန်၊ အဆင့်မြင့် အရာရှိကြီးများ ဖိုရမ်တစ်ရပ်ထူထောင် ရန်နှင့် ၂၀၂၁ ခုနှစ်တွင် ဝန်ကြီးအဆင့် အစည်းအဝေးတစ်ကြိမ် ထပ်မံကျင်းပ ပြုလုပ်ရန်တို့ကိုလည်း သဘောတူညီ ခဲ့ကြသည်။

အစည်းအဝေးသို့ အင်ဒိုနီးရှား၊ သြစတြေးလျ၊ ဘရူနိုင်း၊ မလေးရှား၊ မြန်မာ၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့မှ ဝန်ကြီး အဆင့်ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ခဲ့ကြသည်။ မြန်မာနိုင်ငံမှ ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ထဲ ရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့် အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ ကြောင်း သိရသည်။

သတင်းစဉ်