တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထပ်မံလှူဒါန်းသည့် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ သုံးသန်းအနက် ဒုတိယအသုတ် အကြိမ်ရေတစ်သန်း ထပ်မံရောက်ရှိ

 

နိုဝင်ဘာ ၁၉ ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၂၅ ဒသမ ၅ သန်း ထိုးနှံပြီးဖြစ်

 

နေပြည်တော်   နိုဝင်ဘာ   ၂၀


ကျန်းမာရေးဝန်ကြီးဌာနသည်   ကိုဗစ်-၁၉ ရောဂါ    ကာကွယ် ထိန်းချုပ်ရေးအတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသ ကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည် အုပ်စုများသတ်မှတ်၍ ဦးစားပေးအစီအစဉ်များအလိုက် ထိုးနှံပေး လျက်ရှိသည်။

 

ထိုသို့ထိုးနှံပေးရန်အတွက် နိုဝင်ဘာ ၁၂ ရက်တွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံသို့ Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သုံးသန်း doses ထပ်မံ၍ လှူဒါန်းပေးအပ် ခဲ့ရာ  ၎င်းနေ့တွင်ပင်  ပထမအသုတ်အဖြစ် Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်သန်း  doses ရောက်ရှိပြီး ဖြစ်သည်။ 

 


ဆက်လက်၍ ဒုတိယအသုတ်အဖြစ် Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်သန်း doses နှင့် ဆေးထိုးအပ် ၁ ဒသမ ၅ သန်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ ညနေ ၄ နာရီတွင် ရောက်ရှိလာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ကုသရေး/ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သည့်အဖွဲ့မှ လက်ခံရယူ ခဲ့သည်။ ယခုထပ်မံရောက်ရှိလာသည့် ကာကွယ်ဆေးများကို အသက် ၁၂ နှစ်အထက်   ကျောင်းသား  ကျောင်းသူများနှင့်   အခြားသတ်မှတ် လူအုပ်စုများကို ထိုးနှံပေးမည်ဖြစ်သည်။ အဆိုပါ ကာကွယ်ဆေးများကို တိုင်းဒေသကြီး/ ပြည်နယ်များသို့ လိုအပ်ချက်အရ  မြေပြင်ခရီးလမ်း ကြောင်းမှလည်းကောင်း၊ တပ်မတော်(လေ)နှင့် မြန်မာ့လေကြောင်း တို့၏အကူအညီဖြင့် လေကြောင်းခရီးမှလည်းကောင်း အအေးလမ်း ကြောင်းမပျက် ဆက်လက်ဖြန့်ဝေသွားမည် ဖြစ်သည်။ 

 


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စု များသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာ ၁၉ ရက်အထိ လူဦးရေ စုစုပေါင်း ၁၅ ဒသမ ၂ သန်းအား ထိုးနှံပေးပြီးဖြစ်၍  ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးစီးသူ  ၁၀ ဒသမ ၃ သန်းနှင့်  ပထမအကြိမ်ထိုးနှံပြီးစီး သူ ၄ ဒသမ ၉ သန်း ရှိပြီဖြစ်ကြောင်း သိရသည်။

 


သို့ဖြစ်၍ နိုဝင်ဘာ ၁၉  ရက်အထိ    မြန်မာနိုင်ငံတွင်   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၂၅ ဒသမ ၅ သန်း ထိုးနှံပြီး ဖြစ်သည်။
မိဘပြည်သူများအနေဖြင့် မိမိအတွက်ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက်မကွက် အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ်   ကာကွယ်ဆေးထိုးနှံမှုရရှိထားသူများအနေဖြင့်လည်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင်(သို့မဟုတ်) အနီးဆုံး သတ်မှတ်ကာလအတွင်းတွင် နီးစပ်ရာကာကွယ်ဆေးထိုးစုရပ် များသို့  သွားရောက်၍   ထိုးနှံမှုခံယူခြင်း   စသည့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက် ကြရန်နှင့် မိမိကိုယ်တိုင်တွင်လည်းကောင်း၊ မိသားစုဝင်များ၊ မိတ်ဆွေ များတွင်လည်းကောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို အကြိမ်ပြည့်ခံယူရခြင်းမရှိသေးပါက    ကာကွယ်ဆေးထိုးနှံခြင်းကို မပျက်မကွက် အကြိမ်ပြည့်ခံယူမှုပြုကြစေရေး တိုက်တွန်းနှိုးဆော် ပေးကြပါရန် ကျန်းမာရေးဝန်ကြီးဌာနက  အသိပေးနှိုးဆော်ထားကြောင်း သိရှိရသည်။


သတင်းစဉ်