တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် Oxygen Concentrator အလုံး ၁၄၀ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကျင်းပ

 

 

နေပြည်တော် ဩဂုတ် ၂၄


တရုတ်ပြည်သူ့သမ္မတနိုင်ငံမှမြန်မာနိုင်ငံသို့ လှူဒါန်းသည့် Oxygen Concentrator အလုံး ၁၄၀ သည် ဩဂုတ် ၂၂ ရက် ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပြီး လှူဒါန်းပစ္စည်း များ လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ယနေ့တွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။ 
ဆက်လက်ကူညီသွားမည်
အခမ်းအနားတွင် မြန်မာနိုင်ငံ ဆိုင်ရာ    တရုတ်ပြည်သူ့သမ္မတ နိုင်ငံ    သံအမတ်ကြီး    မစ္စတာ ချန်းဟိုင်က တရုတ်နိုင်ငံမှ မြန်မာ နိုင်ငံသို့ ကပ်ရောဂါ တိုက်ဖျက်ရေး အကူအညီပေးခြင်းသည်       အပြန် အလှန်ဖေးမကူညီသည့် အေးအတူ ပူအမျှ အသိုက်အဝန်းစိတ်ဓာတ်ကို အဓိပ္ပာယ်        ဖွင့်ဆိုလျက်ရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားချိန် မှစ၍   တရုတ်-မြန်မာ   နှစ်နိုင်ငံ အပြန်အလှန် ထောက်ခံအားပေး၍ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး သည် ကပ်ရောဂါ တိုက်ဖျက်ရေး  တိုက်ပွဲအတွင်း၌ စာမျက်နှာသစ် ဆက်လက်    ရေးသားလျက်ရှိပါ ကြောင်း၊ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉    ကာကွယ်ဆေးများ   ထောက်ပံ့ လျက်ရှိပြီး      ယူနန်ပြည်နယ်    တရုတ်-မြန်မာ      အထူးလမ်း ကြောင်းမှ  အောက်ဆီဂျင်အရည်  စသည့်ပစ္စည်းများ     အဆင်ပြေ ချောမွေ့စွာ  သယ်ဆောင်နိုင်ရေး   ကူညီပေးလျက်      ရှိပါကြောင်း၊    မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊      မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းရှင် များကလည်း    လူမှုရေးအသင်း အဖွဲ့များနှင့် ပူးပေါင်း၍   တရုတ်-မြန်မာချစ်ကြည်ရေး    စာသင် ကျောင်း၊ နားမကြားသော ကလေး များကျောင်း၊       ကလေးဆေးရုံ စသည့်       မြန်မာနိုင်ငံနယ်ပယ် အသီးသီးသို့ ကပ်ရောဂါကာကွယ် ရေးပစ္စည်းများနှင့်      စားသောက် ကုန်များ လှူဒါန်းပေးလျက်ရှိပြီး  နှစ်နိုင်ငံ     ကပ်ရောဂါ      ပူးတွဲ ကာကွယ်          ထိန်းချုပ်ရေးကို အားဖြည့်ပေးလျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံ နယ်ပယ်အသီးသီး၏ အတူတကွ     ကြိုးပမ်းမှုကြောင့် လက်ရှိမြန်မာနိုင်ငံ၏   ကပ်ရောဂါ   ကာကွယ်ထိန်းချုပ်မှုတွင် အကျိုး ထိရောက်မှုရှိသည်ကို တွေ့ရှိရပါ ကြောင်းနှင့်  မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ        မြန်မာနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးအတွက်   ဆက်လက်အကူအညီ       ပေးအပ် မည်ဖြစ်ပြီး        မြန်မာနိုင်ငံမှ ကပ်ရောဂါကို    ဆောလျင်စွာ   သေချာပေါက် အနိုင်ယူနိုင်မည်ဟု        ယုံကြည်ပါကြောင်း     ပြောကြား သည်။
များစွာအထောက်အကူပြု
ယင်းနောက်  ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက  မြန်မာနိုင်ငံတွင်      ကိုဗစ်-၁၉ ကပ်ရောဂါ      တတိယလှိုင်းကို ထိန်းချုပ်ကာကွယ်ရာတွင် နိုင်ငံ တော်စီမံအုပ်ချုပ်ရေး    ကောင်စီ ဥက္ကဋ္ဌ၊    အိမ်စောင့်အစိုးရအဖွဲ့ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်       ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် အနီးကပ်  ဦးစီးပြီး  ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းများ၏        ကြိုးပမ်း အားထုတ်မှုနှင့် သက်ဆိုင်ရာဌာန များ၏       ပူးပေါင်းဆောင်ရွက်မှု၊   ပြည်သူလူထုနှင့် စေတနာရှင်များ ၏   ကြိုးပမ်းအားထုတ်မှုကြောင့်     အတိုင်းအတာ         တစ်ခုအထိ ထိန်းချုပ်နိုင်ပြီဖြစ်ပါကြောင်း၊ ယခု ကဲ့သို့လှူဒါန်းသည့်   ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့်တကွ  ဆေးနှင့် ဆေးပစ္စည်းများ၊ Oxygen Con-centrator  အစရှိသော  ထောက်ပံ့ မှုများ၊ ကိုဗစ်-၁၉ တိုက်ဖျက်ရေး အတွေ့အကြုံများ      ဝေမျှခြင်း အစရှိသည်တို့ကို     ကြည့်ခြင်းဖြင့်    တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးခိုင်မြဲစွာ      တည်ရှိ လျက်ရှိကြောင်း  တွေ့မြင်နိုင်ပြီး မြန်မာနိုင်ငံမှ   ဆောင်ရွက်လျက် ရှိသည့်   ကိုဗစ်-၁၉   ကပ်ရောဂါ ထိန်းချုပ်ရေးအတွက်     များစွာ အထောက်အကူပြုပြီး    မြန်မာ ပြည်သူလူထု၏   အသက်ပေါင်း များစွာကို    ကယ်တင်ပေးနိုင်ပါ ကြောင်း။
ပူးပေါင်းဆောင်ရွက်သွား
ယခုလှူဒါန်းသည့်  Oxygen Concentrator   အလုံး   ၁၄၀ အပါအဝင် ဆေးပစ္စည်းများကို  ကိုဗစ်-၁၉ ရောဂါခံစားနေရသည့် လူနာများအတွက်    တိုက်ရိုက် ရောက်ရှိအောင်      အမြန်ဆုံး ပို့ဆောင်ပေးပြီး     အကျိုးရှိစွာ အပြည့်အဝအသုံးပြုသွားမည်ဖြစ် ကြောင်း၊  ကပ်ရောဂါ  ကာကွယ်၊ ထိန်းချုပ်ရေးအတွက်     အဓိက လိုအပ်သော  CDC(Center  for   Disease   Control)  ကို နေပြည် တော်တွင်    တည်ဆောက်နိုင်ရန်    တရုတ်ပြည်သူ့သမ္မတ    နိုင်ငံမှ  ကူညီဆောင်ရွက်    ပေးနေသည့် အတွက်   အကျိုးရှိပြီး   ကျေးဇူး တင်ရှိပါကြောင်း၊      ကပ်ရောဂါ   ထိန်းချုပ်ရေးအတွက် မြန်မာနိုင်ငံ အနေဖြင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့်    ခိုင်မာစွာ    ပူးပေါင်း    ဆောင်ရွက်သွားမည်      ဖြစ်ပါ ကြောင်း  ပြောကြားသည်။  
သတင်းစဉ်