တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးနှင့်ဆေးပစ္စည်းများ Mobile Laboratory Vehicles နှစ်စီး လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

 

ရန်ကုန်  မေ  ၂၉


တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်း သည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm Doses ၁၀ သန်းနှင့် ဆေးထိုးအပ်  ၁၃ သန်းတို့အနက် နောက်ဆုံးအသုတ်သည် ယနေ့ နံနက် ၇ နာရီ မိနစ် ၅၀ တွင် Sichun Airline ဖြင့်  ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ရောက်ရှိပြီး တရုတ်နိုင်ငံသံရုံးမှ လှူဒါန်းသည့် ရွေ့လျားဓာတ်ခွဲခန်းပါ မော်တော်ယာဉ် နှစ်စီးသည်   မူဆယ်နယ်စပ်ဂိတ်မှ   ဖြတ်ကျော်၍ ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။

 


ယင်းကာကွယ်ဆေးနှင့်    ဆေးပစ္စည်းများ၊ ရွေ့လျားဓာတ်ခွဲခန်းပါ မော်တော်ယာဉ်များ လွှဲပြောင်း လက်ခံခြင်းအခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ   အရေးကြီး ပုဂ္ဂိုလ်များ   ဧည့်ခန်းမဆောင်တွင်   ပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး  မစ္စတာချန်းဟိုင်နှင့်   ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်   ဦးစိုးသိန်းတို့   တက်ရောက် ကြသည်။

 


အခမ်းအနားတွင်  တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး  မစ္စတာချန်းဟိုင်က ယခုလှူဒါန်းသည့် ကာကွယ်ဆေးနှင့်   ဆေးပစ္စည်းများ၊   Mobile Laboratory  Vehicles  များသည်  ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် တရုတ်-မြန်မာ  အေးအတူ ပူအမျှ အသိုက်အဝန်းစိတ်ဓာတ်ကို ပြသခြင်းဖြစ်ပါ ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတကြီး၏ “China-ASEAN Health Shield” ပူးပေါင်းဆောင်ရွက် ရေးအဆိုပြုချက်ကို  ထပ်ဆင့်အကောင်အထည်ဖော် ခြင်းဖြစ်ပါကြောင်း၊   မြန်မာနိုင်ငံ   ကူးစက်ရောဂါ ထိန်းချုပ်ရေးဗဟိုဌာန    (CDC)   စီမံကိန်းသည် မြန်မာနိုင်ငံ၏            ပြည်သူ့ကျန်းမာရေးစနစ် တည်ဆောက်ရေးနှင့် အရေးပေါ်ပြည်သူ့ကျန်းမာရေး ဆိုင်ရာ  ကိစ္စရပ်များ တုံ့ပြန်နိုင်စွမ်းအားကောင်းလာစေရန် အကူအညီပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက တရုတ် နိုင်ငံမှ   မြန်မာနိုင်ငံသို့  ကိုဗစ်-၁၉  ကာကွယ်ဆေး စုစုပေါင်း Doses သန်း ၂၀ ခန့် လှူဒါန်းပြီးဖြစ်ပါ ကြောင်း၊ ထို့အပြင် ကာကွယ်ဆေးထိုးအပ်များ အပါ အဝင်ဆေးနှင့်  ဆေးပစ္စည်းများ၊  တရုတ်-မြန်မာ  နယ်စပ်ဒေသကုန်သွယ်ရေးဂိတ်များတွင် အသုံးပြုရန် ရွေ့လျားအမိုးအကာပါဓာတ်ခွဲခန်း၊ လူနာတင်ယာဉ်၊ mobile laboratory vehicles နှစ်စီး အားလှူဒါန်းခဲ့ပါ ကြောင်း၊ ယခုလှူဒါန်းသည့် ကာကွယ်ဆေးများအား မကြာမီ ပြန်လည်ဖွင့်လှစ်မည့် အခြေခံပညာကျောင်း များမှ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား ကျောင်းသူများကို ထိုးနှံပေးသွားမည်ဖြစ်ပြီး ကျောင်း ပြင်ပ    ရောက်ရှိနေသည့်   ကလေးများကိုလည်း  ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ပါကြောင်း၊ နယ်စပ် ဒေသများတွင်   ကူးစက်ရောဂါ   ထိန်းချုပ်မှုများ ဆောင်ရွက်ရေးအတွက်    ဓာတ်ခွဲခန်းများ    ဖွင့်လှစ် လျက်ရှိရာ ယခုလှူဒါန်းသည့် Mobile Laboratory Vehicles နှစ်စီးကို Covid-19 RT- PCR စက် မရှိသည့် နယ်စပ်ဂိတ်များတွင် အဓိကထားအသုံးပြုသွားမည် ဖြစ်သဖြင့်   နယ်စပ်ဝင်ပေါက်များတွင်   ကိုဗစ်-၁၉ ရောဂါ  ကာကွယ် ထိန်းချုပ်ရေးကို ထိရောက်စွာပြုလုပ်နိုင်မည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှုများမြန်ဆန် ချောမွေ့ကာ  နယ်စပ်ကုန်သွယ်ရေးကဏ္ဍ ပြန်လည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအသုံးဝင်မည်ဖြစ်  ပါကြောင်း။ 

 


မြန်မာနိုင်ငံ၏ ကူးစက်ရောဂါကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများတွင်    အရေးပါသော    မြန်မာနိုင်ငံ ကူးစက်ရောဂါ   ထိန်းချုပ်မှုဗဟိုဌာန  Myanmar Center  of  Disease  Control (CDC)  အား နေပြည်တော်တွင် တည်ဆောက်လျက်ရှိရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏     အကူအညီသည် မိမိတို့နိုင်ငံအတွက်  လွန်စွာအထောက်အကူပြုပြီး တည်ဆောက်ပြီးစီးပါက    ဒေသတွင်း  သာမကပဲ အပြည်ပြည်ဆိုင်ရာ  အသိအမှတ်ပြုစင်တာတစ်ခု အဖြစ်       လုပ်ဆောင်သွားနိုင်မည်ဖြစ်ပါကြောင်း၊ ကိုဗစ်- ၁၉   ကာကွယ်ဆေးထိုး   လုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်     ဆောင်ရွက် လျက်ရှိရာ   ယခုအခါ  ရောဂါဖြစ်ပွားမှုနှုန်းသည်  ၁ ရာခိုင်နှုန်းအောက်  ရောက်ရှိပြီဖြစ်ပါကြောင်း၊ ရှေ့ဆက် ၍     နှစ်နိုင်ငံခေါင်းဆောင်များ၏   ဦးဆောင်မှုဖြင့်  ချစ်ကြည်ရင်းနှီးစွာ  ပိုမိုပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း  ကျေးဇူးတင်စကားပြောကြားသည်။

 


ထို့နောက် ကာကွယ်ဆေးများ လွှဲပြောင်းလက်ခံ သည့်မှတ်တမ်းကို  အပြန်အလှန်လက်မှတ်ရေးထိုး၍ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်ဂုဏ်ပြုလွှာအား ပြန်လည်ပေးအပ်ခဲ့ပြီး  လှူဒါန်းထားသည့်  ကာကွယ် ဆေးများနှင့် Mobile Laboratory Vehicles များကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ 

 


ယင်းနောက်  ပြည်ထောင်ဝန်ကြီးနှင့်  သံအမတ် ကြီးတို့သည်  နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ  ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးကြရာ  နှစ်နိုင်ငံ  နယ်စပ်ဒေသများတွင် ကိုဗစ်-၁၉ရောဂါနှင့် ကူးစက်ရောဂါများ ထိန်းချုပ်နိုင် ရေး    ဆက်လက်ဆောင်ရွက်နိုင်ရေးနှင့်   ထပ်မံ၍ ပူးပေါင်းဆောင်ရွက်သွားမည့်အစီအစဉ်များ၊ တရုတ်-မြန်မာနယ်စပ်  ငှက်ဖျားရောဂါကင်းစင်ရေး စီမံကိန်း နှင့်  တိရစ္ဆာန်ရောဂါဓာတ်ခွဲခန်းစီမံကိန်း ကိစ္စရပ်များ    ဆွေးနွေးခဲ့ကြကြောင်း   သိရသည်။    

သတင်းစဉ်