
နေပြည်တော် ဇွန် ၂၂
မြန်မာနိုင်ငံရှိ စာသင်တိုက်များမှ စာသင်သား သံဃာ/ သီလရှင်များ နှင့် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများရှိ ကျောင်းသား ကျောင်းသူများအတွက် စာရေး ကိရိယာများ ပေးလှူရန် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ကွေ့လင်မြို့ရှိ ချီးရှားကျောင်း တိုက်ဆရာတော် Ven. Qianze က လှူဒါန်းသည့် အလှူငွေများအား သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ် ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ရုံးအမှတ် (၃၁) သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်း အတွင်းဝန် ဦးမြင့်ဦး၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတို့ မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ကြသည်။
ရှေးဦးစွာ ချီးရှားကျောင်း တိုက် ဆရာတော် Ven. Qianze က မြန်မာနိုင်ငံရှိ စာသင်သား သံဃာ/ သီလရှင်များနှင့် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများရှိ ကျောင်းသား ကျောင်းသူများအတွက် အလှူငွေ ယွမ် ၈၀၀၀ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က ရှင်းလင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါ်နုမြဇံက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ကြီးကြပ်မှု အောက်ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ပတ် သက်၍ ရှင်းလင်းပြောကြားပြီး ချီးရှားကျောင်းတိုက် ဆရာတော် Ven. Qianze ကိုယ်စား ဒုတိယ ဝန်ကြီး ဦးကျော်မျိုးထွဋ်က အလှူငွေများကို လွှဲပြောင်းပေး အပ်လှူဒါန်းရာ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ် သည်။
သတင်းစဉ်