တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် ပေကျင်းမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးတို့က လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများနှင့် ဆေးဘက်ဆိုင်ရာအထောက်အကူပြုပစ္စည်းများ ရောက်ရှိ

ရန်ကုန်   သြဂုတ်   ၂၂


တရုတ်ပြည်သူ့      လွတ်မြောက်ရေး တပ်မတော်နှင့် ပေကျင်းမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးတို့က လှူဒါန်းသည့်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများနှင့် ဆေးဘက် ဆိုင်ရာ   အထောက်အကူပြုပစ္စည်းများ တင်ဆောင်လာသည့် Air China လေယာဉ် သည် ပေကျင်းမြို့မှ ယနေ့ညနေ ၆ နာရီခွဲ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ရောက်ရှိရာ  အဆိုပါ ဆေးနှင့် ဆေး ပစ္စည်းများကို    ဒဂုံမြို့နယ်ရှိ   နယ်မြေခံ တပ်မတော်ဆေးရုံမှ      ဗိုလ်မှူးကြီး ဇော်မျိုးဟန်နှင့် ကျန်းမာရေးဝန်ကြီးဌာန မှ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။


ထိုသို့   ရောက်ရှိလာသော   ဆေးနှင့် ဆေးပစ္စည်းများတွင်    တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်မှ   မြန်မာ့ တပ်မတော်သို့လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး SARS-CoV-2 Vaccine(Vero Cell) အလုံး ၄၀၀၀၀၀၊ ဆေးထိုးအပ် ၄၀၃၂၀၀၊    ပေကျင်းမြို့ရှိ 


မြန်မာစစ်သံ(ကြည်း၊  ရေ၊   လေ)ရုံးက       ဆေးဘက်ဆိုင်ရာ           အထောက်အကူပြု  ပစ္စည်းများ ဖြစ်သည့်  အိမ်သုံးအောက်ဆီဂျင် စက် ၁၆ လုံး၊         တစ်ကိုယ်ရေသုံး ကာကွယ်ရေးဝတ်စုံ        ၂၄၀၊ နှာခေါင်းစည်း ၁၀၃၅၀၀၊ ပေကျင်း မြို့ရှိ မြန်မာသံရုံးက လှူဒါန်းသည့်   Carrimycin ဆေးပြား ၇၂၀၀၀၊   နှာခေါင်းစည်း အခု  ၁၀၀၀၀၀ တို့ ပါဝင်သည်။


ဆက်လက်ပို့ဆောင်


အဆိုပါ      တရုတ်နိုင်ငံမှ ရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးများနှင့် ဆေးဘက်ဆိုင်ရာ   အထောက် အကူပြုပစ္စည်းများအား      ရန်ကုန် အပြည်ပြည်ဆိုင်ရာ  လေဆိပ်မှ          ဒဂုံမြို့နယ်ရှိ   ဆေးသိုလှောင်ရေး တပ်နှင့်      မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ  ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန  ဗဟိုကာကွယ်ဆေး သိုလှောင်ခန်းတို့သို့      မော်တော် ယာဉ်များဖြင့်      ဆက်လက် ပို့ဆောင်ခဲ့ကြောင်း သိရသည်။          

             
သတင်းစဉ်