
ပေကျင်း မေ ၃၀
တရုတ်နိုင်ငံတွင် မေ ၃၁ ရက်မှစကာ ဓာတ်ဆီနှင့် ဒီဇယ်တို့၏ လက်လီအရောင်း ဈေးမှာ မြင့်တက်လာမည်ဖြစ်ကြောင်း နိုင်ငံထိပ်တန်းစီးပွားရေးအဖွဲ့က မေ ၃၀ ရက်တွင် ပြောကြားလိုက်သည်။
မကြာသေးမီက ပြောင်းလဲမှုများ ဖြစ်ပေါ်လာသော နိုင်ငံတကာ လောင်စာ ဆီဈေးကွက်ကို အခြေခံ၍ ဓာတ်ဆီနှင့် ဒီဇယ်လက်လီရောင်းဈေးမှာ တစ်တန် လျှင် ဓာတ်ဆီလက်လီရောင်းဈေးမှာ ယွမ် ၄၀၀ (အမေရိကန်ဒေါ်လာ ၅၉ ဒသမ ၆၆ ဒေါ်လာ) ဒီဇယ်လက်လီရောင်းဈေးမှာ ယွမ် ၃၉၀ အထိ တက်လာမည်ဖြစ် ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြုပြင်ရေးကော်မရှင်က ထုတ်ပြန် လိုက်သည်။
ယခုလို လောင်စာဆီဈေးနှုန်း မြင့်တက်မှုသည် လွန်ခဲ့သည့်နှစ်ကုန် ကတည်းကစတင်ကာ ၁၀ ကြိမ်မြောက် မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ဆင်ဟွာ