ကွမ်ကျိုး ဖေဖော်ဝါရီ ၂၂
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုး ၌ ဖေဖော်ဝါရီ  ၂၂  ရက်တွင်  သင်္ဘောတစ်စင်းက တံတားတစ်စင်းကို ဝင်တိုက်ပြီးနောက် တံတားကျိုး ပြီး  လူငါးဦး သေဆုံးခဲ့သည်။ 
သေဆုံးသူများမှာ  ဘတ်စ်ကားမောင်းသမား တစ်ဦး၊  ဆိုင်ကယ်သမားတစ်ဦး၊  တံတားအောက်ရှိ ရေထဲသို့    ပြုတ်ကျသွားသည့်   ကားများပေါ်ပါ သုံးဦးတို့ဖြစ်ကြသည်။ 
အဆိုပါမတော်တဆမှုသည်  ဒေသစံတော်ချိန် နံနက်  ၅  နာရီခွဲခန့်က  ဖြစ်ပွားခဲ့သည်။   ကုန်တင် သင်္ဘောတစ်စင်းသည် နန်ရှာဒေသ လီဆင်ရှာတံတား ကို ဝင်တိုက်မိချိန်တွင် အဆိုပါ မတော်တဆမှုဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ 
အဆိုပါမတော်တဆမှုတွင် မော်တော်ဆိုင်ကယ် တစ်စီးနှင့်အတူ ယာဉ်ငါးစီးပါဝင်ခဲ့သည်။ ယာဉ်နှစ်စီး မှာ   မြစ်ထဲသို့ထိုးကျသွားပြီး   တခြားယာဉ်များမှာ သင်္ဘောပေါ်သို့    ပြုတ်ကျသွားခဲ့ကြောင်း    ကနဦး ဖော်ပြချက်များအရ သိရသည်။ 
ဒဏ်ရာရရှိခဲ့သော တခြားသုံးဦးကို ဆေးကုသ မှုခံယူရန် ဆေးရုံသို့ပို့ခဲ့သည်။ ၎င်းတို့အနက် နှစ်ဦးမှာ တံတားပေါ်မှ ပြုတ်ကျပြီး အရိုးကျိုးခဲ့သည်။ ၎င်းတို့ ၏အခြေအနေမှာ     တည်ငြိမ်ကောင်းမွန်လျက်ရှိ ကြောင်း ဆွန်ယက်ဆင်ဆေးရုံ၏   ထုတ်ပြန်ချက်အရ  သိရသည်။ 
ဆင်ဟွာ 
 
      


