တရုတ်နိုင်ငံမှ ဝယ်ယူသည့် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေလေးသန်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိ

နေပြည်တော်   စက်တင်ဘာ   ၁၂ 
ကျန်းမာရေးဝန်ကြီးဌာနသည်   ကိုဗစ်-၁၉   ရောဂါ   ကာကွယ် ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင်     ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက် ရှိသည်။ 
ထိုသို့ထိုးနှံပေးရန်အတွက်   တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ   Sino-pharm အမှတ်တံဆိပ်ကာကွယ်ဆေး အကြိမ်ရေ   ၂၄  သန်း  စာချုပ် ချုပ်ဆို ဝယ်ယူထားသည့်အနက် ကာကွယ်ဆေးအကြိမ်ရေ လေးသန်း သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ ညနေ ၄ နာရီခွဲတွင် ထပ်မံရောက်ရှိလာရာ   ရန်ကုန်တိုင်းဒေသကြီး    ကုသရေး/ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သည့်အဖွဲ့က လက်ခံရယူသည်။ 
အဆိုပါကာကွယ်ဆေးများကို   စက်တင်ဘာ  ၁၃ ရက်မှစ၍   တိုင်း ဒေသကြီး/ ပြည်နယ်များသို့ မြေပြင်ခရီးလမ်းကြောင်းမှ လည်းကောင်း၊ တပ်မတော်(လေ)၏ အကူအညီဖြင့်  လေကြောင်းခရီးမှ လည်းကောင်း အအေးလမ်းကြောင်းမပျက် ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ပြီး ပြည်သူ များအား သတ်မှတ်ဦးစားပေးအုပ်စုနှင့် ဦးစားပေးအစီအစဉ်များအလိုက် အမြန်ဆုံး ထိုးနှံပေးသွားမည်ဖြစ်သည်။


ထပ်မံထည့်သွင်းထိုးနှံ
 ယခုရောက်ရှိလာသော  ကာကွယ်ဆေးများကို မူလ ဦးတည်အုပ်စုများနှင့်   ဦးစားပေးအစီအစဉ် များအပြင် ယခင်က  အသက်  ၆၅  နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများအုပ်စုအား အသက် ၅၅ နှစ်နှင့်အထက်သို့ တိုးချဲ့ခြင်း၊ ထပ်မံ၍ ဦးတည် အုပ်စုအသစ်များ  တိုးချဲ့ခြင်းအနေဖြင့်   မသန်စွမ်း သူများအုပ်စု၊   တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအုပ်စု၊  နာတာရှည်ရောဂါအခံရှိသူများအုပ်စု၊ ကယ်ဆယ်ရေးစခန်းများနှင့် ယာယီတိုက်ပွဲ ရှောင်စခန်းများတွင် ရှိသူများအုပ်စုတို့အား ထပ်မံ ထည့်သွင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဦးတည်အုပ်စုများ သတ်မှတ်
ကိုဗစ် - ၁၉  ရောဂါ ကာကွယ်  ထိန်းချုပ်ရေး အတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်- ၁၉  ရောဂါကာကွယ်ဆေးကို   ဦးတည်အုပ်စုများ သတ်မှတ်၍  ထိုးနှံပေးလျက်ရှိရာ   စက်တင်ဘာ ၁၁ ရက်အထိ လူဦးရေစုစုပေါင်း ၄၉၄၄၆၅၄ ဦးအား ထိုးနှံပေးပြီးဖြစ်၍  ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ ၃၂၃၉၇၆၄ ဦးနှင့်  ပထမအကြိမ် ထိုးနှံ ပြီးစီးသူ ၁၇၀၄၈၉၀ ရှိပြီဖြစ်ကြောင်း သိရသည်။
 သို့ဖြစ်၍ စက်တင်ဘာ ၁၁  ရက်အထိ မြန်မာ နိုင်ငံတွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးအကြိမ်ရေ  စုစုပေါင်း ၈၁၈၄၄၁၈  ကြိမ်   ထိုးနှံပြီးဖြစ်ကြောင်း  သိရသည်။
ပူးပေါင်းပါဝင်ဆောင်ရွက်
မိဘပြည်သူများအနေဖြင့် မိမိအတွက် ရရှိလာ သည့် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးကို  မပျက် မကွက် အကြိမ်ပြည့်ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံမှုရရှိထားသူများ        အနေဖြင့် လည်း   ဒုတိယအကြိမ်     ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင် (သို့မဟုတ်) အနီးဆုံး သတ်မှတ် ကာလအတွင်းတွင်  နီးစပ်ရာ   ကာကွယ်ဆေးထိုးစုရပ် များသို့သွားရောက်၍   ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ် ဆေးထိုးလုပ်ငန်းများတွင်      တက်ကြွစွာ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြပါရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။              

သတင်းစဉ်