
ရန်ကုန် ဇန်နဝါရီ ၆
လက်ရှိကာလတွင် တရုတ်နိုင်ငံမှ ဖရဲသီးဝယ်လိုအား ပြန်လည်မြင့်တက် နေကြောင်း ခွာညိုသစ်သီးပွဲရုံမှ သိရ သည်။
ဖရဲသီးကို မိုင်းလားနှင့် လွယ်ဂျယ် လမ်းကြောင်းမှ တင်ပို့နေပြီး ထိုသို့ တင်ပို့ရာတွင် လမ်းကြောင်းဝေးလွန်း၍ လတ်ဆတ်မှုရှိပြီး ခံနိုင်ရည်ရှိသည့် သစ်သီးများကို ရွေးချယ်တင်ပို့ရကြောင်း လည်း ဆိုသည်။
“ဖရဲသီးဝယ်လိုအားကောင်းပါတယ်။ စျေးမငြိမ်တာတော့ ရှိတာပေါ့။ လက်ရှိ ကတော့ ဖရဲသီးတစ်တန်ကို ယွမ် ၃၀၀၀၊ ၃၅၀၀ လောက်ရနေတာ။ အခုကတော့ လမ်းကြောင်းအနေနဲ့ မိုင်းလားနဲ့ လွယ်ဂျယ်ကနေ တင်ပို့နေတာ” ဟု ခွာညိုပွဲရုံမှ တာဝန်ရှိသူက ပြောကြား သည်။
ယင်းကဲ့သို့တင်ပို့ရာတွင် ကားခအပါအဝင် အခြား ကုန်ကျစရိတ်အပါ စုစုပေါင်း ကျပ်သိန်း ၁၂၀ ခန့် ရှိကြောင်းလည်း ပြောကြားသည်။
“မိုင်းလားကတင်ပို့တဲ့အခါ လမ်းကြောင်း ဝေးလွန်း ပြီး ကုန်ကျစရိတ်များသလို လမ်းကြောင်းကလည်း ကြာတော့ အသီးတွေ ပုပ်နာတာတွေ ရှိတာကြောင့် တင်ပို့တဲ့အချိန်မှာ လတ်လတ်ဆတ်ဆတ်နဲ့ ခံနိုင်ရည် ရှိတဲ့အသီးတွေကိုပဲ တင်ပို့ရတယ်။ လွယ်ဂျယ်ကနေ လည်း တင်ပို့နေတာ။ ကုန်ကျစရိတ်လည်း သိပ်မကွာ ဘူး။ သူလည်း လမ်းခရီးဝေးတယ်။ လက်ရှိကတော့ လမ်းကြောင်းနှစ်ခုလုံးကနေ တင်ပို့နေတာ”ဟု ဆိုသည်။
MT