
လူဆာကာ ဇန်နဝါရီ ၂၅
ဇမ်ဘီယာနိုင်ငံသည် တရုတ်နိုင်ငံ အစိုးရက လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ်ကို ဇန်နဝါရီ ၂၄ ရက်တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးအလုံးရေ လေးသိန်းကို ဇမ်ဘီယာ နိုင်ငံ၏ မြို့တော် လူဆာကာမြို့ရှိ ကင်နက်သ်ကာယွန်ဒါအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လွှဲပြောင်းပေးအပ်ပွဲကျင်းပရာ ဇမ်ဘီယာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လီကျီနှင့် ဇမ်ဘီယာနိုင်ငံ ကျန်းမာရေး ဝန်ကြီး မာဆီဘိုတို့က လက်ခံရယူခဲ့ ကြောင်း သိရသည်။
တရုတ်နှင့် ဇမ်ဘီယာနှစ်နိုင်ငံအစိုးရ များသည် ပြီးခဲ့သည့်နှစ်က ကတိကဝတ် ပြုထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးအလုံးရေ တစ်သန်းအား သုံးသုတ် ခွဲ၍ ပေးပို့ရန် သဘောတူညီခဲ့ကြကြောင်း ကာကွယ်ဆေး လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် ဇမ်ဘီယာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြောကြားသည်။
တရုတ်နိုင်ငံသည် ပြီးခဲ့သည့်နှစ် အတွင်းက ဇမ်ဘီယာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ တစ်သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။ ဇမ်ဘီယာ နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု စတင်တွေ့ရှိခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လကတည်းက ဇမ်ဘီယာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးလုပ်ငန်း များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်