တရုတ်နိုင်ငံခြားရေးဝန်ကြီးသစ် ဝမ်ယိကို ဝါရှင်တန်သို့ ဖိတ်ကြားထားကြောင်း အမေရိကန်အတည်ပြု

 

ဝါရှင်တန်    ဩဂုတ်   ၂


အသစ်ခန့်အပ်ထားသော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို ဝါရှင်တန်သို့ တရားဝင်ဖိတ်ကြားမှု ပြုလုပ် လိုက်ကြောင်း အမေရိကန်အစိုးရက ပြောသည်။ 


ပြီးခဲ့သည့်လက နိုင်ငံခြားရေးဝန်ကြီးဟောင်း ကျင်ဂန်းကို   ရာထူးမှ   ထုတ်ပယ်လိုက်ပြီးနောက် ဝါရင့် သံတမန် ဝမ်ယိကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပြန်လည်ထမ်းဆောင်စေခဲ့ခြင်းဖြစ်သည်။   ယခင် ရက်က    ဝါရှင်တန်တွင်ပြုလုပ်သော     နှစ်နိုင်ငံ အကြီးတန်းသံတမန်အစည်းအဝေးအတွင်း ယခင်  ကျင်ဂန်းအား ဖိတ်ကြားထားမှုကို ဝမ်ယိထံ ထပ်မံ ကမ်းလှမ်းဖိတ်ကြားလိုက်ခြင်းဖြစ်ကြောင်း အမေ ရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ  ပြောရေးဆိုခွင့် ရှိသူ  မက်သရူး မီလ်လာက ဩဂုတ် ၁ ရက်တွင် သတင်းထောက်များကို ပြောခဲ့သည်။ 


ဇွန်လတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်သည် ပေကျင်းသို့ သွားရောက် ခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန်းကလည်း ဝါရှင်တန်သို့ လာရောက်ရန် ထိုစဉ်က သဘောတူခဲ့ သည်။ သို့သော်လည်း နောက်ပိုင်းတွင် ကျင်ဂန်းကို ၎င်း၏ ရာထူးမှထုတ်ပယ်ခဲ့ပြီး ဝမ်ယိဖြင့် အစား ထိုးခဲ့သည်။  


ဝမ်ယိ၏ ခရီးစဉ်နှင့်ပတ်သက်ပြီး လာရောက် မည့်နေ့ရက်ကို မစီစဉ်ရသေးသော်လည်း တရုတ် နိုင်ငံအနေဖြင့် အဆိုပါ ဖိတ်ကြားကမ်းလှမ်းမှုကို လက်ခံလိမ့်မည်ဟု     မျှော်လင့်ကြောင်း      ၎င်းက ဖြည့်စွက်ပြောသည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ကလည်း   တရုတ်သမ္မတ   ရှီကျင့်ဖျင်နှင့်   တွေ့ဆုံ ဆွေးနွေးလိုကြောင်း    ထုတ်ဖော်ပြောကြားထား သည်။                                    

အင်န်အိတ်ချ်ကေ