
နေပြည်တော် မေ ၂
အာဆီယံနိုင်ငံများသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထပ်မံပံ့ပိုးကူညီပေးရန် တရုတ်နိုင်ငံ၏ ကတိကဝတ် များကို အကောင်အထည်ဖော်ရန်၊ မြန်မာနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေး အောင်မြင်မှုများအတွက် ကူညီပံ့ပိုးရန်၊ မြန်မာပြည်သူများ၏ အသက်၊ ကျန်းမာရေး ဘေးကင်းလုံခြုံစေရေးအတွက် ပိုမို ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် တရုတ်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံသို့ ထပ်မံ၍ ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၀ သန်း အခမဲ့ပံ့ပိုးပေး ရန် ဆုံးဖြတ်ခဲ့ကြောင်း တရုတ်သံရုံးက ဧပြီလ နောက်ဆုံးပတ်က သတင်းထုတ်ပြန်သည်။
ကပ်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းကူညီ
ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ရေ (Doses) ၁၁ ဒသမ ၁ သန်း အခမဲ့ပံ့ပိုးပေးခဲ့ပြီး မြန်မာနိုင်ငံအား သက်သာ သည့် ဈေးနှုန်းဖြင့် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ရေ သန်း ၃၀ ကျော် ဝယ်ယူ နိုင်ရန် ကူညီပေးကာ မြန်မာနိုင်ငံ၏ ကပ်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းကို ကူညီခဲ့သည်။
ယခုအကြိမ် ပံ့ပိုးကူညီသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအသုတ်ကို မေလကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပို့ဆောင်ရောက်ရှိနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
ပူးပေါင်းဆောင်ရွက်မှုများ တက်ကြွစွာ ဆောင်ရွက်
တရုတ်နိုင်ငံသည် “ပြည်သူသည် အဓိက၊ အသက်သည် အဓိက” ဟူသော ကပ်ရောဂါကာကွယ် ရေး အတွေးအခေါ်ကို လက်ကိုင်စွဲပြီး နိုင်ငံတကာ ကပ်ရောဂါတိုက်ဖျက်ရေး အကူအညီနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
ခင်ရတနာ