
ပေကျင်း နိုဝင်ဘာ ၁၆
တရုတ်နိုင်ငံမြောက်ပိုင်း ရှန်စီပြည်နယ် လျူလျန်မြို့ရှိ ကျောက်မီးသွေးသတ္တုတွင်းကုမ္ပဏီ အဆောက်အအုံ နိုဝင်ဘာ ၁၆ ရက်က မီးလောင်မှုဖြစ်ပွားရာ မီးသတ်သမားများက မီးငြှိမ်းသတ်နိုင်ရေး ကြိုးပမ်းခဲ့ကြသည်။
နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်း တွင် မီးလောင်မှုကြောင့် သေဆုံး သူဦးရေမှာ ၂၆ ဦးအထိရှိလာသည် ဟု ကယ်ဆယ်ရေးသမားများက ပြောသည်။
ငါးထပ် အဆောက်အအုံရှိ ဒုတိယအထပ်တွင် မီးလောင်ခဲ့ ခြင်းဖြစ်ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ သည်ဟု ဒေသခံအာဏာပိုင်များ က ပြောသည်။
ဆေးကုသမှုများ ခံယူရန် အတွက် လူပေါင်း ၆၀ ကျော်ကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ မီးလောင်မှုကြောင့် ဒဏ်ရာရရှိသူ ဦးရေမှာလည်း ၃၈ ဦးအထိ ရှိလာ ပြီဖြစ်သည်။
အဆိုပါ အဆောက်အအုံ မှာ ယုံကျီပုဂ္ဂလိကကုမ္ပဏီပိုင် အဆောက်အအုံဖြစ်သည်။
ဆင်ဟွာ