
ယူနန် ဒီဇင်ဘာ ၃၀
တရုတ် - မြန်မာ - အိန္ဒိယ သမုဒ္ဒရာ လမ်းကြောင်းသစ်၏ အကြိမ် (၂၀) မြောက် အထူးကုန်တင်ရထား ပြည်တွင်းပိုင်း သယ်ယူပို့ဆောင်မှု သည် ဒီဇင်ဘာ ၂၀ ရက်တွင် ယူနန်ပြည်နယ် လင်ချန်းမြို့ မုန်တိန်ချင်းရွှေဟော်နယ်စပ်ဂိတ် မှ စတင်ထွက်ခွာ၍ မြန်မာနိုင်ငံသို့ ဓာတ်မြေသြဇာတန်ချိန် ၅၅၀ တင်ပို့ခဲ့ပြီး Bonded ပြောင်းဖူး တန်ချိန် ၁၂၀၀ တင်သွင်းခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် သြဂုတ်လ၌ တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ လမ်းကြောင်းသစ် စတင်စမ်းသပ် ပြေးဆွဲမှု အောင်မြင်ခဲ့ပြီး တရုတ်-မြန်မာနှင့် တတိယနိုင်ငံတို့မှ ကုန်စည်များ ပထမဆုံးအကြိမ် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုနှင့် သယ်ယူပို့ဆောင်မှုကို အကောင် အထည်ဖော်နိုင်ခဲ့သည်။ တစ်နှစ်တာ အတွင်း ရေကြောင်း-ကားလမ်း-ရထားလမ်း ပူးတွဲသယ်ယူပို့ဆောင် ရေး အကြိမ် ၂၀ ပြီးမြောက်ချိန် အထိ ကုန်စည်ပို့ဆောင်မှုပမာဏ တန်ချိန် ၂၁၈၀၀ ပို့ဆောင်နိုင်ခဲ့ကာ ကုန်စည်တန်ဖိုးယွမ် ၃၄၈ သန်း ရှိကြောင်း သိရသည်။