တရုတ် - လာအို ရထားလမ်းဖွင့်လှစ်မှု တစ်နှစ်ပြည့်မြောက်

 

ကူမင်း   ဒီဇင်ဘာ  ၉


တရုတ်-လာအို ရထားလမ်းကို တရားဝင်ဖွင့်လှစ်ပြေးဆွဲခဲ့သည့် တစ်နှစ်တာအတွင်း လမ်းကြောင်း တစ်လျှောက်လုံးတွင် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးစခန်း ၂၄ ခု ဖွင့်လှစ်ခဲ့ပြီး စုစုပေါင်းခရီးသည် ၈ ဒသမ ၅ သန်းနှင့် ကုန်စည် တန်ချိန် ၁၁ ဒသမ ၂ သန်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 


ကုန်စည်အမျိုးအစား ၁၀  မျိုးကျော်မှသည် ၁၂၀၀ ကျော်အထိ တိုးမြှင့်ပို့ဆောင်နိုင်ခဲ့ပြီး တောက်ပ သော ရလဒ်ကောင်းတစ်ခုကို  ဖော်ဆောင်ပေးနိုင်ခဲ့ သည်။ ဒီဇင်ဘာ ၃ ရက်တွင် တရုတ်-လာအို ရထား လမ်း၏ ရထားပို့ဆောင်ရေးတစ်ခုလုံး အအေးလမ်း ကြောင်းဖြင့် သစ်သီးပို့ဆောင်သည့် ပထမဆုံးရထားတွဲ ကို ပြေးဆွဲခဲ့သည်။ 

 


လာအို၊  ထိုင်း၊ မြန်မာ စသည့် အရှေ့တောင်အာရှ နိုင်ငံများမှ အရည်အသွေးကောင်းမွန်သည့် စိုက်ပျိုး ရေးနှင့် စားသောက်ကုန်ပစ္စည်းများသည်  တရုတ်-လာအို ရထားလမ်း၏ ဂိတ်ဖြတ်သန်းမှုမြန်ဆန်ခြင်း၊ နိုင်ငံတကာကုန်စည်ပို့ဆောင်ခြင်း စသည့်အားသာချက် များကို အသုံးချ၍ တရုတ်ဈေးကွက်သို့ ပိုမိုဘေးကင်း မြန်ဆန်စွာ ရောင်းချနိုင်မည်ဖြစ်သည်။

 


တစ်ချိန်တည်းတွင် တရုတ်- လာအို  ရထားလမ်း ဖောက်လုပ်မှုကို     ခိုင်မာစွာမြှင့်တင်မှုနှင့်     အတူ တရုတ်-လာအို  ရထားလမ်းသည်  ထိုင်းနိုင်ငံ၏ ရထားလမ်းစနစ်နှင့်  အပြန်အလှန် ချိတ်ဆက်မှုကို အရှိန်မြှင့်တင်၍       အင်ဒိုချိုင်းနားကျွန်းဆွယ်ကို ဖြတ်သန်းပြေးဆွဲသည့်   ရထားလမ်းကြောင်းကြီး ဖြစ်လာစေရန် မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ အနာဂတ်တွင်   ရထားလမ်းကို   အဓိကထားသည့် တရုတ်-လာအို-ထိုင်း သုံးနိုင်ငံ  ပူးပေါင်းဆောင်ရွက်မှု သည် ဒေသခွဲဖွံ့ဖြိုးတိုးတက်မှုအဆင့်ကို လက်တွေ့ မြှင့်တင်ပေးမည်ဖြစ်ရာ နိုင်ငံတကာ   ကုန်စည်ထောက်ပံ့ ပို့ဆောင်ရေး လမ်းကြောင်းကြီး၏   အခန်းကဏ္ဍကို ပိုမိုသိသာ     ပေါ်လွင်စေမည်ဖြစ်ကြောင်း     သိရ သည်။