
ကူမင်း အောက်တိုဘာ ၁၃
တရုတ်နိုင်ငံ၏ တိုက်ရိုက်ထုတ်လွှင့်မှုလုပ်ငန်း Live streaming industry သည် မကြာသေးမီ နှစ်များအတွင်း ကိန်းဂဏန်းတိုးတက်မှုကို မြင်တွေ့ရကြောင်း၊ ယင်းသည် ဘရန်း (အမှတ်တံဆိပ်)များကို တရုတ် စားသုံးသူများနှင့် ထိတွေ့ဆက်ဆံပြီး အပြန်အလှန် အကျိုးပြုသည့်ပုံစံ ဖြင့် ချိတ်ဆက်ရန် ထူးခြားသောအခွင့်အရေးကိုပေးကြောင်း၊ ၂၀၂၂ ခုနှစ် တွင် တရုတ် e-commerce တိုက်ရိုက်ထုတ်လွှင့်မှုကဏ္ဍ၏ စုစုပေါင်း ဝင်ငွေသည် ကြည့်ရှုသူစုစုပေါင်း သန်း ၆၆၀ ဖြင့် ယွမ် ၁ ဒသမ ၂ ထရီ လီယံ(အမေရိကန်ဒေါ်လာ ၁၈၀ ဘီလီယံ)သို့ ရောက်ရှိရန် ခန့်မှန်းထား ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် iResearch ၏ အစီရင်ခံစာအရ ဤကိန်းဂဏန်းသည် ၂၀၂၃ ခုနှစ်တွင် ယွမ် ၄ ဒသမ ၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၇၂၀ ဘီလီယံ)အထိ တိုးလာမည်ဟု ခန့်မှန်းထားကြောင်း၊ ယင်းသည် နိုင်ငံတွင်း e-commerce ရောင်းချမှု စုစုပေါင်း၏ ၁၁ ဒသမ ၇ ရာခိုင်နှုန်းကို တွက်ချက်ခြင်းဖြစ်ကြောင်း၊ စီးပွားရေးသို့ တွန်းအားအသစ်များပေးမည် ဖြစ်ကြောင်း၊ Live streaming သည် ကုန်အမှတ်တံဆိပ်များ အရောင်း မြှင့်တင်ရန်နှင့် လယ်သမားများကဲ့သို့သော အသေးစားအော်ပရေတာ များအတွက် စားသုံးသူများထံ ပိုမိုကောင်းမွန်စွာ ဝင်ရောက်ခွင့်ရရှိရန် အဓိကနည်းလမ်းအဖြစ် လုပ်ဆောင်ပေးနိုင်ကြောင်း သိရသည်။
လက်ရှိတွင် e-commerce ကုမ္ပဏီကြီး Alibaba ၏ Taobao Live သည် သုံးစွဲသူများ၏ ၆၈ ဒသမ ၅ ရာခိုင်နှုန်းကို ရယူထားပြီး Douyin နှင့် Kuaishou တို့က တိုက်ရိုက်ထုတ်လွှင့်မှု အဓိကဝေစုကို ရယူထား သည်။ JD.com နှင့် Baidu ကဲ့သို့ အခြားသော တရုတ်အင်တာနက်ကစား သမားကြီးများသည်လည်း ဈေးကွက်တွင် ၎င်းတို့၏ တည်ရှိမှုကို တိုးမြင့်လာစေရန် ကြိုးစားနေကြသည်။
တိုက်ရိုက်ထုတ်လွှင့်သူများသည် e-commerce ခေတ်တွင် အရောင်း သမားများဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် စာရင်းအရ “ပရော်ဖက်ရှင်နယ်” တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်တင်ဆက်သူ အနည်းဆုံး ၁ ဒသမ၂၃ သန်းရှိပြီး ၂၀၁၉ တွင် ၂၅၀၀၀၀ သာ ရှိခဲ့ကြောင်း၊ ပြည်တွင်းစက်မှု လုပ်ငန်းနှင့် ကူးသန်းရောင်းဝယ်ရေးဗျူရိုတွင် စာရင်းသွင်းသူများသည် ၎င်းတို့၏ထုတ်ကုန်များ ကြော်ငြာရန်အတွက် အကောင့်ဖွင့်နိုင်ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ ဦးဆောင်မှုနောက်တွင် အနောက်တိုင်း ကုန်အမှတ် တံဆိပ်များ၊ လက်လီရောင်းချသူများနှင့် စျေးကွက်များသည် ထုတ်ကုန် များကို မြှင့်တင်ရန်အတွက် ၎င်းတို့၏ကိုယ်ပိုင် တိုက်ရိုက်ကူးသန်း ရောင်းဝယ်ရေးလုပ်ငန်းများနှင့် ပွဲများကို တည်ထောင်ကြကြောင်း၊ ဥပမာအားဖြင့် Tommy Hilfiger သည် တရုတ်နိုင်ငံတွင်အောင်မြင် ပြီးနောက် ၎င်း၏တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်ကို ဥရောပနှင့် မြောက် အမေရိကသို့ မကြာသေးမီက တိုးချဲ့ခဲ့ပြီး ရှိုးတစ်ခုတွင် ပရိသတ် ၁၄ သန်း ကို ဆွဲဆောင်ခဲ့ကာ နှစ်မိနစ်အတွင်း hoodies ၁၃၀၀ ရောင်းချခဲ့ ကြောင်း၊ တိုက်ရိုက်ထုတ်လွှင့်ခြင်းလုပ်ငန်းအတွက် အလားအလာသည် အားကောင်းနေဆဲဖြစ်ကြောင်း၊ အထူးသဖြင့် ယခင်က လက်လှမ်းမမီနိုင် သောစျေးကွက်များတွင် ဆွဲငင်မှုကို လွယ်ကူချောမွေ့စေပြီး ဖောက်သည်- အမှတ်တံဆိပ်ဆက်ဆံရေးကို မြှင့်တင်ပေးကြောင်း ကူမင်းမြို့ရှိ မြန်မာ စီးပွားရေးသံမှူးထံမှ သိရသည်။
သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွားရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။ ခင်ရတနာ စုစည်းဖော်ပြသည်၊၊