
ကူမင်း ဇွန် ၂
တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ ဆက်သွယ်သည့် ရထားသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းမှ ကုန်သွယ်မှု တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက် လာခဲ့ကြောင်း သိရသည်။ အဆိုပါ ရထားလမ်းမှတစ်ဆင့် နိုင်ငံတကာ ကုန်သွယ်မှုသည် တစ်နှစ်ထက်တစ်နှစ် ၂၉ ရာခိုင်နှုန်းမှ ၉၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ယွမ် ၄၈၂ သန်း(အမေရိကန်ဒေါ်လာ ၇၁ သန်းခန့်) ရှိလာကြောင်း သိရသည်။ ကုန်သွယ်မှုတွင် သွင်းကုန်တန်ချိန် ၆၈၁၀၀ နှင့် ပို့ကုန်တန်ချိန် ၁၀၀၀၀၀ ကျော် ရှိခဲ့သည်။
ကွေ့ကျိုး၊ စစ်ချွမ်၊ ချုံချင်းနှင့် အတွင်းမွန်ဂိုလီးယားတို့မှ ဓာတု ပစ္စည်းများနှင့် ထုတ်ကုန်များကို ဗီယက်နမ်၊ ထိုင်းနှင့် အခြားနိုင်ငံများ၏ Belt and Road နိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း ကူမင်းအကောက်ခွန် သတင်းများအရ သိရှိရသည်။
သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွားရေး သံမှူးများ၏ ပေးပို့မှု အချက်အလက်များ။
ခင်ရတနာ စုစည်းဖော်ပြသည်၊၊