
“တရားသော ဒို့စစ် ရဲဝံ့ဆင်နွှဲမည်”
v ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား
တန်ဖိုးထားလျက်၊ သုံးပါးအရေး
နှလုံး သွေးဖြင့်၊ ပေးဆပ် ဖန်ဖန်
သစ္စာနှံလျက်၊ ဆယ်ပြန်ဆယ်သက်
ငဲ့ကွက်မရွံ့၊ နောက်မတွန့်ဘဲ
စွန့်လွှတ် စွန့်စား၊ တပ်မတော်သားဟေ့
တရားသောစစ် အောင်ရမည်။
v တစ်ဖက်သား အပေါ်၊ တစ်ပြည်ခြား အပေါ်
ဘောင်ကျော်စော်ကား၊ မပြုငြားလည်း
ပြည့်အား နှောင့်ယှက်၊ ကျူးဝင်ဖျက်သော်
တိုက်ဖျက်ချေမှုန်း၊ လက်စတုံးအံ့
တုံးတိုက် ကျားကိုက်၊ အရေးမစိုက်ဘဲ
တိုက်လျှင် ရဲရဲ၊ နွှဲလျှင် ပိုင်ပိုင်
ခိုင်မာစိတ်ထား၊ စွမ်းပကားဖြင့်
တရားသောစစ် အောင်ရမည်။
v စစ်ကို မခေါ်၊ လာခဲ့သော် မူ
တော်တည့်မှန်ကန်၊ စိတ်သန္တာန်ဖြင့်
နိုင်ငံအတွက်၊ ပြည်သူအတွက်
အသက် ပေးလှူ၊ ခံယူ စိတ်ထား
စစ်သည်များတို့
တရားသောစစ် ဆင်နွှဲမည်။
တရားသောစစ် အောင်ရမည်။
ခိုင်မာ ယုံကြည် ထားပါသည်။ ။
မျိုးမြတ်မြတ်မြင့်မောင်
(တရားသောစစ်ပွဲ ဆင်နွှဲနေသည့် တပ်မတော်သားများကို လေးစားဂုဏ်ပြုလျက်)