တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးအစီအစဉ် မိတ်ဆက်

 

ပုသိမ်   ဇူလိုင်   ၂၉


ဩဂုတ် ၁ ရက်တွင် စတင်အကောင် အထည်ဖော်မည့်   တရားရုံးက ဦးဆောင်သည့်  စေ့စပ်ဖြေရှင်းရေး စနစ်နှင့်  စပ်လျဉ်း၍   မိတ်ဆက် ရှင်းလင်းပွဲကို     ဇူလိုင် ၂၈ ရက်က  ပုသိမ်မြို့ဧရာရွှေဝါခန်းမ၌ ကျင်းပ ရာ   တိုင်းဒေသကြီး      တရား လွှတ်တော်   တရားသူကြီးချုပ်   ဦးဝင်းမြင့်က တရားရုံးက ဦးဆောင် သည့်    စေ့စပ်ဖြေရှင်းရေးစနစ် အကောင်အထည်ဖော်  ဆောင် ရွက်ခြင်းနှင့်  စပ်လျဉ်း၍   အမှာ စကားပြောကြားသည်။

 


ထို့နောက် စေ့စပ်ဖြေရှင်းရေး ဌာနတာဝန်ခံ ဒေါ်မာမာစိုးရင်က တရားရုံးက ဦးဆောင်သည့် စေ့စပ် ဖြေရှင်းရေးအစီအစဉ်ကို ပါဝါပွိုင့် ဖြင့် အသေးစိတ်  ရှင်းလင်းတင်ပြ ခဲ့ပြီး အခမ်းအနားတက်ရောက် သူများက  သိရှိလိုသည့်မေးမြန်း ချက်များကို   စေ့စပ်ဖြေရှင်းရေး အရာရှိ   ဒေါ်သီတာမျိုးသန့်က ပြန်လည်ရှင်းလင်း    ဖြေကြားသည်။  

 


ရှင်းလင်းပွဲသို့ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး များ၊ တိုင်းဒေသကြီး   တရားရေး ဦးစီးမှူးနှင့်   တရားရေးအရာရှိ များ၊ တိုင်းဒေသကြီး ဥပဒေချုပ်နှင့် ဥပဒေအရာရှိများ၊    ခရိုင်တရား သူကြီးများ၊   ရဲတပ်ဖွဲ့ဝင်များနှင့် ရှေ့နေများ    တက်ရောက်ခဲ့ကြ သည်။              


 ခရိုင်  (ပြန်/ဆက်)