
နေပြည်တော် ဇန်နဝါရီ ၁၃
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရေး သင်တန်းအမှတ်စဉ် (၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲ၌ကျင်းပရာ မြန်မာနိုင်ငံတော် ဗဟို ဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းများ၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ တာဝန်ရှိသူများ နှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ ကြသည်။
အမှာစကားပြောကြား
သင်တန်းဆင်းပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ တော် ဗဟိုဘဏ်ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး (အပေါ်ပုံ) သင်တန်းတက်ရောက်သူ ၈၆ ဦးအနက် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသူများကို ဥက္ကဋ္ဌကလည်းကောင်း၊ သင်တန်းဆင်းလက်မှတ်များကို အမြဲတမ်းအတွင်း ဝန်ကလည်းကောင်း ပေးအပ်သည်။ ယင်းနောက် သင်တန်းသားနှင့် သင်တန်းသူများ ကိုယ်စား ဆုရရှိသည့် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
အဆိုပါသင်တန်းသည် ပြည်ပငွေလွှဲလုပ်ငန်း ဆောင်ရွက်ရန် စိတ်ပါဝင်စားသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ငွေရေးကြေး ရေး လွှဲပြောင်းပေးချေခြင်းဆိုင်ရာ ကိစ္စရပ်များတွင် AML/CFT ဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ်ကို သိရှိ ရှောင်ရှားကြစေရန်နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု နှင့်ပတ်သက်သည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ ကို သိရှိနားလည်စေရန်အတွက် လည်းကောင်း၊ ပြည်ပငွေလွှဲလုပ်ငန်းကို ဆောင်ရွက်လိုသည့်ကုမ္ပဏီ များအနေဖြင့် လိုင်စင်လျှောက်ထားရာတွင် လိုအပ် သည့် သင်တန်းတက်ရောက်ပြီးစီးကြောင်း အထောက် အထား လက်မှတ်ရရှိရေးအတွက် လည်းကောင်း၊ ပြည်ပငွေလွှဲလုပ်ငန်းလုပ်ကိုင်ရာတွင် မဖြစ်မနေ သိရှိရမည့် ပြည်ပငွေလွှဲလုပ်ငန်း ဆောင်ရွက်ခွင့်ပြု ခြင်းဆိုင်ရာ စည်းမျဉ်း၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေတို့ပါ ပြဋ္ဌာန်းချက် များကို သိရှိနားလည်စေရန်အတွက်လည်းကောင်း ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်