တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄)ကျင်းပ ၂၀၂၄ ခုနှစ် ဇွန်လအထိ ဖမ်းဆီးရမိအမှု တွဲ ၁၃၅၅၀၊ ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၇၅ ဒသမ ၁၂၆ ဘီလီယံဖမ်းဆီး ရမိခဲ့

 

နေပြည်တော်    ဩဂုတ်  ၁


တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးဦးဆောင်ကော်မတီ  လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၃/၂၀၂၄) ကို ယနေ့မွန်းလွဲ ပိုင်းတွင်    နေပြည်တော်ရှိ      စီးပွားရေး နှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ     တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး       ဦးဆောင် ကော်မတီ   ဒုတိယဥက္ကဋ္ဌ    ဒုတိယဝန်ကြီး ချုပ်နှင့်  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန   ပြည်ထောင်စုဝန်ကြီး    ဦးဝင်းရှိန် တက်ရောက်အမှာစကား    ပြောကြား သည်။


အစည်းအဝေးသို့  ဦးဆောင်ကော်မတီ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယဝန်ကြီးများ၊  အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်၊ အမြဲ တမ်းအတွင်းဝန်များ၊   ညွှန်ကြားရေးမှူး ချုပ်များ၊ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ    တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး  အထူးအဖွဲ့ ဥက္ကဋ္ဌများက    ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အလေးထားဆောင်ရွက်
ဦးစွာ      တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ  ဒုတိယ ဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က  အမှာစကားပြော ကြားရာတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ၂၀၂၄ ခုနှစ် ဇူလိုင် ၂၉ ရက်တွင်  ကျင်းပ ပြုလုပ်သည့်  ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၄) တွင် “၂၀၂၄ ခုနှစ် ဧပြီ၊ မေ၊ ဇွန် သုံးလအတွင်း ပြည်တွင်း  ပြည်ပကုန်သွယ်ရေးများကို ပင်လယ်ရေကြောင်းမှ    ဆောင်ရွက်ခဲ့မှု များ  ရှိခဲ့သကဲ့သို့   နယ်စပ်ဒေသမှလည်း ဆောင်ရွက်ခဲ့ကြောင်း၊  ကိန်းဂဏန်းများ အရ    အပေါင်းလက္ခဏာ    ရှိခဲ့ကြောင်း၊ သို့သော် နယ်စပ်ဒေသများမှ တရားမဝင် ကုန်သွယ်မှုများ    ရှိနေသည်ကိုလည်း နေ့စဉ်သိရှိနေရကြောင်း၊    တရားမဝင် ကုန်သွယ်မှုများကြောင့်   နိုင်ငံ၏စီးပွား ရေးကို  ထိခိုက်စေလျက်ရှိခြင်းကြောင့် ကုန်သွယ်မှုနှင့်ပတ်သက်၍  အလေးထား ဆောင်ရွက်ရန် လိုအပ်လျက်ရှိနေသေး ကြောင်း၊ နယ်စပ်ဒေသကုန်သွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ရာတွင်  မှန်မှန် ကန်ကန်ဖြစ်ရန်လိုကြောင်း၊ လမ်းခရီး၌ မလိုလားအပ်သည့်    ကုန်ကျစရိတ်များ ကြောင့် ကုန်ဈေးနှုန်းများ   မြင့်တက်နိုင် ကြောင်း၊ နယ်စပ်ကုန်သွယ်ရေးကိုအဟန့် အတားဖြစ်စေမည့်   လုပ်ဆောင်မှုများ မရှိအောင်   တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ပေးရန်လိုကြောင်း” ထည့်သွင်းမှာကြားခဲ့ကြောင်း။
မိမိတို့အနေဖြင့်  တရားမဝင်ကုန်သွယ် မှုများကို    ထိရောက်စွာတိုက်ဖျက်ရန် ဦးဆောင်ကော်မတီဖွဲ့စည်းပြီး  လုပ်ငန်း ညှိနှိုင်းအစည်းအဝေးများ  ကျင်းပလာခဲ့ သည်မှာယခုဆိုလျှင်(၁၅)ကြိမ်ရှိပြီ ဖြစ်ပါ ကြောင်း၊ ယခင်အစည်းအဝေး (၁၄) ကြိမ် အထိ ဆုံးဖြတ်ချက် (၄၉၀) ချမှတ်ဆောင် ရွက်နိုင်ခဲ့ပြီး ဦးဆောင်ကော်မတီ ပြင်ဆင် ဖွဲ့စည်းခဲ့ပြီးနောက် ဖမ်းဆီးရမိမှုများအနေ ဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လအထိ ဖမ်းဆီးရမိအမှု တွဲ ၁၃၅၅၀၊ ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၇၅ ဒသမ ၁၂၆ ဘီလီယံဖမ်းဆီး ရမိခဲ့ကြောင်း။
၂၀၂၄ ခုနှစ် မေလနှင့်ဇွန်လအတွင်း ဖမ်းဆီးရရှိမှုများအနေဖြင့် အကောက်ခွန် ဦးစီးဌာနက  အများဆုံးဖမ်းဆီးရမိခဲ့ပြီး နေပြည်တော်ကောင်စီအပါအဝင် တိုင်း ဒေသကြီး/ ပြည်နယ်အလိုက် ဖမ်းဆီးရရှိမှု များတွင်    မန္တလေးတိုင်းဒေသကြီးက အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး က ဒုတိယအများဆုံးနှင့် ရှမ်းပြည်နယ်က တတိယအများဆုံး ဖမ်းဆီးရမိခဲ့သည်ကို တွေ့ရှိရကြောင်း၊    ကုန်ပစ္စည်းအုပ်စု အလိုက် ဖမ်းဆီးရရှိမှုများကို စိစစ်ရာတွင် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် တရားမဝင် ကုန်စည်တင်ရေယာဉ်အပါအဝင် မော်တော် ယာဉ်ဖမ်းဆီးရရှိမှုများက အများဆုံးဖြစ် ပြီး ဒုတိယအများဆုံးမှာ    လုပ်ငန်းသုံး ကုန်ကြမ်းများဖြစ်၍ တတိယအများဆုံး မှာ    လူသုံးကုန်ပစ္စည်းများဖြစ်သည်ကို တွေ့ရှိရကြောင်း။
ဖမ်းဆီးအရေးယူဆောင်ရွက်
မူးယစ်ဆေးဝါး    ဖမ်းဆီးရရှိမှုများ အနေဖြင့်   ၂၀၂၃ ခုနှစ်    ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၃ ဒသမ ၈၁၄ ဘီလီယံနှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ခန့်မှန်းတန်ဖိုး ငွေကျပ်  ၁၂၇ ဒသမ  ၉၇၈    ဘီလီယံရှိ ကြောင်း   တွေ့ရှိရသည့်အတွက်    ဝိသမ လောဘစီးပွားရေးသမားများနှင့် အကြမ်း ဖက်အဖွဲ့အစည်းများအနေဖြင့်      နိုင်ငံ အတွင်း မူးယစ်ဆေးဝါးများ  ရောင်းဝယ် ဖောက်ကား တရားမဝင်စီးပွားရှာနေခြင်း ကြောင့်   နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊    တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များ နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့အနေဖြင့် ယခု ထက် ပိုမိုထိရောက်စွာ သတင်းထောက် လှမ်း တားဆီးစစ်ဆေးပြီး ဥပဒေနှင့်အညီ ထိထိရောက်ရောက်    ဖမ်းဆီးအရေးယူ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
ပြည်ပမှကုန်စည်များ  တင်သွင်းရာ တွင် အရည်အသွေးပြည့်မီသည့် ကုန်စည် များ  တင်သွင်းနိုင်ရေးအတွက်   လိုအပ် ချက်ဖြစ်သည့် အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုများ   (Non -  Tariff Measure-NTMs) ကို ကမ္ဘာ့နိုင်ငံများတွင် ကျင့်သုံးဆောင်ရွက်လျက်ရှိသော်လည်း မြန်မာနိုင်ငံအပါအဝင်   နိုင်ငံတချို့တွင် ချမှတ်ကျင့်သုံးမှု    အားနည်းနေသည်ကို လည်း   တွေ့ရှိရကြောင်း၊   မြန်မာနိုင်ငံ အနေဖြင့် စံချိန်စံညွှန်းရေးဆွဲရေးနည်း ပညာကော်မတီ ၂၆ ခုမှ အမျိုးသားစံချိန် စံညွှန်းကောင်စီ၏    အတည်ပြုချက်နှင့် မြန်မာ့စံချိန်စံညွှန်း   ၈၁၉ ခု   သတ်မှတ် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ စံချိန်စံညွှန်း ထုတ်ပြန်ထားပြီးသော်လည်း မဖြစ်မနေ လိုက်နာရမည့်   (mandatory)   အဖြစ် ထုတ်ပြန်ခြင်းမရှိသည့်အတွက် တင်သွင်း လာသည့် ပစ္စည်းများအပေါ် ထိန်းကျောင်း ဆောင်ရွက်နိုင်ခြင်းမရှိသေးသည်ကို စိစစ် တွေ့ရှိရကြောင်း။
စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် “အကောက်ခွန် မဟုတ်သော စီမံဆောင်ရွက်မှုများ (Non-Tariff Measure-NTMs) ကို   အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းအဖွဲ့ (Task Force)”ကို ၂၀၂၄ ခုနှစ် ဇွန်လတွင် ဖွဲ့စည်း ထားရှိပြီး     သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းအစည်းအဝေးများအရ   ပြည်ပမှ တင်သွင်းမည့် ကုန်စည်များအတွက် စံချိန် စံညွှန်းသတ်မှတ်ချက်များကို သက်ဆိုင် ရာဌာနများအလိုက် အမိန့်ကြော်ငြာစာ များထုတ်ပြန်နိုင်ရေး ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်သွားရန်ကိုလည်း တိုက်တွန်းပြောကြားလိုကြောင်း။
တရားမဝင်     ကုန်သွယ်မှုများကို ထိရောက်စွာတားဆီးရာတွင် သတင်းရရှိ မှုသည်လည်း    အရေးကြီးပါကြောင်း၊ ဖမ်းဆီးရရှိမှုများအနက် တာဝန်သိပြည်သူ များ၏     သတင်းပေးတိုင်ကြားမှုများ ကြောင့် ၂၀၂၄ ခုနှစ် မေလနှင့်ဇွန်လအတွင်း သတင်းရရှိမှု (၁၂၂) ကြိမ်ရရှိခဲ့ပြီး သတင်း မှား (၁၅)ကြိမ်၊  နောက်ကျသတင်း    (၃) ကြိမ်၊ သတင်းမှန် (၁၀၄) ကြိမ်   ဖြစ်ပါ ကြောင်း၊ ဖမ်းဆီးရမိမှုအမှုတွဲ (၁၆၈) မှု နှင့်    ဖမ်းဆီးရမိမှု    တန်ဖိုးငွေကျပ် ၅၃၇၆ ဒသမ ၀၄၄ သန်း  ဖမ်းဆီးရမိခဲ့ပါ ကြောင်း၊ ဖမ်းဆီးရမိပစ္စည်းများအနေဖြင့် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံး ကုန်ပစ္စည်းများ၊ စားသောက်ကုန်များနှင့် တရားမဝင်မော်တော်ယာဉ်များ ပါဝင်သည် ကို တွေ့ရှိရကြောင်း၊ သတင်းပေးတိုင်ကြား သူများကို    သတင်းပေးဆုကြေးအဖြစ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်   ငွေကျပ် ၁၁၆၈ ဒသမ ၄၈၈ သန်း ချီးမြှင့်ပေးခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဇွန်လအထိ ၅၆၉ ဒသမ ၁၃၂   သန်းကို    သတင်းပေး ဆုကြေးအဖြစ် ချီးမြှင့်ရန် ဆောင်ရွက်ထား ရှိပြီး   သတင်းများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် မြန်မာ့ရုပ်မြင်သံကြား နှင့်    နိုင်ငံပိုင်သတင်းစာများတွင်လည်း နေ့စဉ်၊   လစဉ်သတင်းထုတ်ပြန်ဆောင် ရွက်လျက်ရှိကြောင်း။
ထို့ပြင်     တရားမဝင်ကုန်သွယ်မှု လုပ်ငန်းများ  လျှော့ချနိုင်ပြီး   ပြည်တွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ    ရေရှည် ရပ်တည်နိုင်ရေးတို့အတွက်     ပြည်ပမှ ကုန်ချောတင်သွင်းမှုများကို အခွန်နှုန်းထား မြှင့်တင်၍ ထိန်းကျောင်းဆောင်ရွက်ခြင်း လုပ်ငန်းစဉ်ကိုလည်း သတ်မှတ်ထားသည့်  အချိန်အတိုင်းအတာအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်  လိုအပ်မည်ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုများကို ထိန်းချုပ် ဆောင်ရွက်ရန်   အထောက်အကူဖြစ်စေ သည့် E-Lock Phase (2) ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ရန်   မှာကြားလို ကြောင်း၊    တရားမဝင်ကုန်သွယ်မှုကို လျော့နည်းပပျောက်အောင် ဆောင်ရွက် နေချိန်ဖြစ်သည့်အတွက်      တရားမဝင် ကုန်စည်များ တားဆီးကာကွယ်ရေးတွင် တာဝန်ကျေပွန်စွာ ပါဝင်ဆောင်ရွက်ကြ သည့် နိုင်ငံ့ဝန်ထမ်းများ၊ တာဝန်သိစိတ် ဖြင့် သတင်းအချက်အလက်များ   ပေးပို့ သည့်  ပြည်သူများကိုလည်း  ထိုက်သင့် သည့်အသိအမှတ်ပြုမှု၊ ချီးမြှင့်မှုအနေဖြင့် ဆုကြေးခွဲဝေပေးခြင်းကိုလည်း စဉ်ဆက် မပြတ် မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေး ကြရန်    ထပ်မံတိုက်တွန်းပြောကြားလို ကြောင်း ပြောကြားသည်။
ထို့နောက်    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး       ဦးဆောင်ကော်မတီ အတွင်းရေးမှူး  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန     ဒုတိယ ဝန်ကြီး   ဦးမင်းမင်းက       ဦးဆောင် ကော်မတီအစည်းအဝေး     (၂/၂၀၂၄) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့်     ဦးဆောင် ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက်  ဦးဆောင်ကော်မတီရုံးလုပ်ငန်းအဖွဲ့ခေါင်းဆောင်     ညွှန်ကြား ရေးမှူးချုပ် ဦးအောင်သွင်ဦး၊ ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသင့်မြတ်သူ၊   ဗဟိုစက်ပစ္စည်းစာရင်း အင်းနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဟန်ဝင်းအောင်၊ ကုန်သွယ် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့် သူရ၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်   ဦးအောင်အောင်နှင့်   အစား အသောက်နှင့်   ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန  ညွှန်ကြားရေးမှူးချုပ်   ပါမောက္ခ ဒေါက်တာခင်ဇော်တို့က    တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး    ဦးဆောင် ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄) သို့တင်ပြလာသည့်   အမှာစာ များကို ဖတ်ကြားတင်ပြကြသည်။
ရှင်းလင်းဆွေးနွေးတင်ပြ
ဆက်လက်၍    ဦးဆောင်ကော်မတီ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊  ဒုတိယဝန်ကြီး     ဗိုလ်ချုပ်ကိုလေးနှင့် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်တို့က တရားမဝင်ကုန်သွယ်မှုဆိုင်ရာ သုံးသပ် တွေ့ရှိချက်များ၊ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် မူးယစ်ဆေးဝါးများ၊   လက်နက် ခဲယမ်းများ၊   ထိန်းချုပ်ဓာတုပစ္စည်းများ၊ တရားမဝင်ယာဉ်များ၊ ယစ်မျိုးလုပ်ငန်း များ၊  စက်သုံးဆီများ၊ စားသောက်ကုန်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်း ဖမ်းဆီးရမိမှု များကို ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည့်      အခြေအနေများ၊ ကာကွယ်တားဆီးရေးဆိုင်ရာ   ကိစ္စရပ် များ၊ ပို့ကုန်၊ သွင်းကုန်နှိုင်းယှဉ်ချက်များနှင့် ကုန်သွယ်ရေးစခန်းများ၌  ကုန်စည် စီးဆင်းနေမှု အခြေအနေများ၊  တရားမဝင် Online မှ ကုန်ပစ္စည်းများရောင်းချနေမှု အခြေအနေများနှင့်စပ်လျဉ်း၍  ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။
ထို့နောက်       အစည်းအဝေးသို့ တက်ရောက်လာကြသူများက    တရား မဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍     သက်ဆိုင်ရာကဏ္ဍ များအလိုက်      ဆွေးနွေးတင်ပြကြပြီး ဦးဆောင်ကော်မတီရုံး    လုပ်ငန်းအဖွဲ့ ခေါင်းဆောင်က  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး      ဦးဆောင်ကော်မတီ အစည်းအဝေး  (၃/၂၀၂၄)   ဆုံးဖြတ်ချက် (မူကြမ်း)များကို ဖတ်ကြားတင်ပြသည်။
  ယင်းနောက် တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေး     ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ       ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်     ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက  ရှင်းလင်းဆွေးနွေး တင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ် ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြော ကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက် ကြောင်း သတင်းရရှိသည်။  

သတင်းစဉ်