တရားမဝင်ကုန်သွယ်မှု တားဆီး/ဖမ်းဆီးနိုင်ရေးအတွက် တားဆီး/ဖမ်းဆီးဆုငွေနှင့် သတင်းပေးဆုငွေချီးမြှင့်နိုင်ရေး အသိပေးထုတ်ပြန်ခြင်း

 

၁။    မြန်မာနိုင်ငံအတွင်းသို့ လမ်းကြောင်းအသီးသီးမှ စားသုံးရန်မသင့် သည့် စားသောက်ကုန်များ၊ အရည်အသွေးနိမ့်လူသုံးကုန်ပစ္စည်း များ၊ တရားမဝင်ဆေးဝါးများနှင့်   အခွန်ပေးဆောင်ထားခြင်း မရှိသော   အကောက်ခွန်မဲ့ကုန်ပစ္စည်းများ   ဝင်ရောက်မှုအား ကုန်သွယ်ရေးစခန်းများ၊ စစ်ဆေးရေးစခန်းများနှင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အလိုက် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့များ ဖွဲ့စည်း၍ တားဆီး/ဖမ်းဆီးခြင်းများ ဆောင်ရွက် လျက်ရှိပါသည်။

 


၂။    တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် များစွာထိခိုက်ခြင်း၊ တရားမဝင်ကုန်သွယ်မှု ကြောင့် တရားဝင်လုပ်ကိုင်နေသော လုပ်ငန်းများကို အဟန့် အတားဖြစ်စေခြင်း၊ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်နေ သည့်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအနေဖြင့်  တရားမဝင်ကုန်စည်များနှင့်  ပြိုင်ဆိုင်ရောင်းချနိုင်စွမ်းနည်းပြီး  ရေရှည်ရပ်တည်ရန်  ခက်ခဲလာခြင်း တို့ကြောင့် တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများ တားဆီးထိန်းချုပ်နိုင်ရေးလုပ်ငန်းစဉ်များ၌ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်း ပါဝင်မှသာ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

 


၃။    တရားမဝင် တင်သွင်း/တင်ပို့မှုများနှင့် ပတ်သက်၍  တားဆီး/ဖမ်းဆီးပစ္စည်းများအပေါ် ရွေးယူဒဏ်ငွေတပ်ရိုက်ခြင်း သို့မဟုတ် လေလံတင်ရောင်းချခြင်းမှ ရရှိငွေ၏ ၃၀ ရာခိုင်နှုန်းအား ဖမ်းဆီး သူများအားလည်းကောင်း၊ ၂၀ ရာခိုင်နှုန်းအား သတင်းပေးသူများ အားလည်းကောင်း ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာ စာအမှတ် (၇၀/၂၀၂၀) လုပ်ထုံးလုပ်နည်းနှင့်အညီ ဆုငွေချီးမြှင့် လျက်ရှိသည်။

 


၄။    တရားမဝင် တင်သွင်း/တင်ပို့မှုများ တွေ့ရှိပါက တင်သွင်း/တင်ပို့ ပစ္စည်းများနှင့် ပတ်သက်၍ တားဆီး/ဖမ်းဆီးနိုင်သည့် သတင်း အချက်အလက်   တိတိကျကျဖော်ပြ၍   တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ    တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များထံသို့ တရားမဝင်   တင်သွင်း/တင်ပို့ခြင်းအား ဖမ်းဆီးနိုင်ရေး လျှို့ဝှက်လုံခြုံစွာ သတင်းပေး၊ တိုင်ကြားနိုင်ပါ သည်။ 

 


၅။    သတင်းပေးပို့သူနှင့်ပတ်သက်သော   အချက်အလက်များကို လျှို့ဝှက်စွာ ထိန်းသိမ်းထားရှိမည် ဖြစ်ပါသည်။ သတင်းပေးပို့ခြင်း အတွက်    ရရှိမည့်ဆုငွေများအား   လျှို့ဝှက်စွာ   ဆက်သွယ် အကြောင်းကြား၍ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ ဆက်သွယ် ထုတ်ပေးသွားမည့်အပြင် သတင်းပေးသူအား လျှို့ဝှက်ထားရှိ မည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သတင်းရရှိပါသည်။


၆။    သတင်းပေးဆက်သွယ်   တိုင်ကြားနိုင်သည့်  ဖုန်းနံပါတ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ