တရားမဝင် သစ်မျိုးစုံနှင့် လိုင်စင်မဲ့ ဆိုင်ကယ်များ ဖမ်းဆီးရမိ

 

 

နေပြည်တော်   ဧပြီ   ၄
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏  ကြီးကြပ်ကွပ်ကဲမှုဖြင့်   တရား မဝင်ကုန်သွယ်မှုများကို  ဥပဒေနှင့်အညီ  ထိရောက်စွာ  တားဆီးအရေးယူနိုင်ရေး   ဆောင်ရွက် လျက်ရှိရာ    ဧပြီ ၄  ရက်တွင်  ပဲခူးတိုင်းဒေသကြီး   တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး   အထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့်  တိုင်းဒေသကြီး သစ်တောဦးစီးဌာနဦးဆောင်၍  ပူးပေါင်းစစ်ဆေး ရေးအဖွဲ့များက  စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ   ပဲခူးခရိုင်နှင့်   သာယာဝတီခရိုင်များအတွင်း      တရားမဝင်သစ်မျိုးစုံ  ၅  ဒသမ  ၅၁၅၄ တန်  (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၈၇၆၂၀)ကို   ဖမ်းဆီး ရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ  အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်‌ရေး   အထူးအဖွဲ့၏   စီမံခန့်ခွဲမှုဖြင့်  မြန်မာနိုင်ငံရဲတပ်ဖွဲ့    ဦးဆောင်သော  စစ်ဆေးရေးအဖွဲ့သည်   စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ရာ  ကသာရိုင်၊ အင်းတော်မြို့နယ်အတွင်း လိုင်စင်မဲ့  YAMAHA MONO CROSS အမျိုးအစား ဆိုင်ကယ်တစ်စီး၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀) နှင့် KENBO 125  အမျိုး အစား ဆိုင်ကယ်တစ်စီး၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀) စုစုပေါင်း   (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး  ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
သို့ဖြစ်ပါ၍ ဧပြီ ၄ ရက်တွင်  ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ( ၄ )မှု၊  (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၂၅၈၇ ၆၂၀) ဖြစ်ကြောင်း    တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး   ဦးဆောင်ကော်မတီမှ သိရသည်။                                                                                               
သတင်းစဉ်