တရားမဝင် သစ်မျိုးစုံနှင့် စားသောက်ကုန်ပစ္စည်းများ သိမ်းဆည်းရမိ

နေပြည်တော်    ဇန်နဝါရီ    ၁၁


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်  ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး   ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၀ ရက်တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် သံလွင်တံတား(ဘားအံ)တာဝန်ကျ အကောက် ခွန်အဖွဲ့က တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်    အေးခဲဘဲသား ၂၀၈၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၀၀၀၀၀)၊ အေးခဲကြက်နက်သား  ၉၇၅ ကီလိုဂရမ် (ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၉၅၀၀၀၀) နှင့် Yutong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၈၅၀၀၀၀)ကို သိမ်းဆည်း ရမိခဲ့သည်။


အလားတူ ဇန်နဝါရီ ၁၀ ရက်တွင် ဧရာဝတီတိုင်း ဒေသကြီး  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏   စီမံခန့်ခွဲမှုဖြင့်   တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များ က သတင်းအရ ကြံခင်းမြို့နယ်အတွင်း သွားရောက် စစ်ဆေးခဲ့ရာ      ပျဉ်းကတိုး၊      ကျွန်းသစ်ခွဲသား ၁ ဒသမ ၆၀၆၄ တန်    (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၈၅၁၂၀) ကို သိမ်းဆည်းရမိခဲ့သည်။


ထို့အတူ   ပဲခူးတိုင်းဒေသကြီး   တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင် ၍ ပူးပေါင်းအဖွဲ့များဖြင့် တောင်ငူခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ ကြိုးဝိုင်းသစ်တောများ အတွင်း   တရားမဝင်သစ်များ   ထုတ်လုပ်လျက် ရှိကြောင်း  သတင်းအရ  ဝင်ရောက်စစ်ဆေးခဲ့ရာ တရားမဝင်သစ်မျိုးစုံ  ၁၂ ဒသမ ၉ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၆၈၀၀၀) သိမ်းဆည်းရမိခဲ့သည်။


အလားတူ  ယနေ့တွင်  ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန က ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် ပဲခူး၊ တောင်ငူ နှင့် ပြည်ခရိုင်အတွင်းရှိ ကြိုးဝိုင်းသစ်တောများအတွင်း တရားမဝင်သစ်များ      ထုတ်လုပ်လျက်ရှိကြောင်း သတင်းအရ ဝင်ရောက်စစ်ဆေးခဲ့ရာ တရားမဝင် သစ်မျိုးစုံ ၈ ဒသမ ၁၃၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၈၇၀၀၀) သိမ်းဆည်းရမိသည်။


သို့ပါ၍ ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်များတွင် သိမ်းဆည်းရမိသည့် သစ်မျိုးစုံ ၂၂ ဒသမ ၆၃ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၄၀၁၂၀)အား သိမ်းဆည်း ခဲ့ပြီး သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းအရ လည်းကောင်း၊ ဇန်နဝါရီ ၁၀ ရက်တွင် သိမ်းဆည်းရမိ သည့် စားသောက်ကုန်ပစ္စည်း ၃၀၅၅ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈၅၀၀၀၀)နှင့် Yutong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀)ကို အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်း များအရ    အရေးယူဆောင်ရွက်လျက်ရှိကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး    ဦးဆောင် ကော်မတီမှ သိရသည်။                  

    သတင်းစဉ်