
နေပြည်တော် ဇန်နဝါရီ ၁၁
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၀ ရက်တွင် ကရင် ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် သံလွင်တံတား (ဘားအံ)တာဝန်ကျ အကောက် ခွန်အဖွဲ့မှ တရားဝင်စာရွက် စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် အေးခဲ ဘဲသား ၂၀၈၀ ကီလိုဂရမ် (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၉၀၀၀၀၀)၊ အေးခဲကြက်နက်သား ၉၇၅ ကီလို ဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉၅၀၀၀၀) နှင့် Yutong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၅၈၅၀၀၀၀)ကို ဖမ်းဆီးရမိခဲ့သည်။
အလားတူ ဇန်နဝါရီ ၁၀ ရက် တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီး ဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့ များက သတင်းအရ ကြံခင်းမြို့နယ် အတွင်း သွားရောက်စစ်ဆေးခဲ့ရာ ပျဉ်းကတိုး၊ ကျွန်းသစ်ခွဲသား (၁ ဒသမ ၆၀၆၄) တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂၈၅၁၂၀) ကို ဖမ်းဆီးရမိခဲ့သည်။
ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီး ဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့ များဖြင့် တောင်ငူခရိုင်၊ ပြည်ခရိုင် နှင့် သာယာဝတီခရိုင်အတွင်းရှိ ကြိုးဝိုင်းသစ်တောများအတွင်း တရားမဝင်သစ်များ ထုတ်လုပ် လျက်ရှိကြောင်း သတင်းအရ ဝင်ရောက်စစ်ဆေးခဲ့ရာ တရား မဝင်သစ်မျိုးစုံ (၁၂ ဒသမ ၉) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၆၈၀၀၀) ဖမ်းဆီးရမိခဲ့သည်။
အလားတူ ယနေ့တွင် ပဲခူး တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသ ကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် ပဲခူး၊ တောင်ငူနှင့် ပြည်ခရိုင် အတွင်းရှိ ကြိုးဝိုင်းသစ်တောများ အတွင်း တရားမဝင် သစ်များ ထုတ်လုပ်လျက်ရှိကြောင်း သတင်း အရဝင်ရောက် စစ်ဆေးခဲ့ရာ တရားမဝင် သစ်မျိုးစုံ (၈ ဒသမ ၁၃၂)တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၈၇၀၀၀ ) ဖမ်းဆီးရမိခဲ့သည်။
သို့ပါ၍ ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်များတွင် ဖမ်းဆီးရမိသည့် သစ်မျိုးစုံ (၂၂ ဒသမ ၆၃) တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၁၄၀ ၁၂၀)အား သိမ်းဆည်းခဲ့ပြီး သစ်တောဦးစီးဌာန၏ လုပ်ထုံး လုပ်နည်းအရ လည်းကောင်း၊ ဇန်နဝါရီ ၁၀ ရက်တွင် ဖမ်းဆီးရမိ သည့် စားသောက်ကုန်ပစ္စည်း ၃၀၅၅ ကီလိုဂရမ် (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၈၅၀၀၀၀)နှင့် Yutong Bus တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀) ကို အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများအရ အရေး ယူဆောင်ရွက် လျက်ရှိကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
သတင်းစဉ်