
နေပြည်တော် ဇန်နဝါရီ ၁၈
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၇ ရက်တွင် စုံစမ်း စစ်ဆေးရေးအရာရှိ (မန္တလေး)နှင့် စုံစမ်းစစ်ဆေးရေးနှင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဌာနခွဲ၊ အကောက်ခွန် ဦးစီးဌာနမှ မန္တလေး- လားရှိုး- မူဆယ် ပြည်ထောင်စု လမ်းမကြီး (၂၁/၃)မိုင်ခန့်တွင် စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ယာဉ်အမှတ်၊ 1F/8750 (YUTONG Bus) ပေါ်တွင် တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိဘဲ တင်ဆောင်လာ သည့် ဖုန်းမျိုးစုံ ၁၇၀၅ လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀,၆၄၄,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသော YUTONG Bus တစ်စီး ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀,၀၀၀,၀၀၀ စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၈၀,၆၄၄,၀၀၀ ဖမ်းဆီးရမိခဲ့ပြီး အကောက် ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ မော်လမြိုင်ခရိုင် သံဖြူဇရပ်မြို့နယ် မြို့မ(တောင်) ဘိနယ်စခန်းကြီး ကျေးရွာအနီးတွင် တရားမဝင်သစ် ပိတောက်ခွဲသား ၇ ဒသမ ၃၀၈၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၆၅၄,၁၀၀) ဖမ်းဆီး ရမိခဲ့ပြီး သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင် ၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ ပုသိမ်မြို့နယ်၊ သာပေါင်းမြို့နယ်နှင့် မော်ကျွန်းမြို့နယ်များအတွင်း တရားမဝင် သစ်ခွဲသား မျိုးစုံ ၁၇၂ ဒသမ ၀၈၅ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၂,၁၇၇,၂၄၀) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့အပြင် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ တောင်ငူခရိုင်နှင့် သာယာ ဝတီခရိုင် သစ်တောကြိုးဝိုင်းများအတွင်းရှိ တရား မဝင် ကျွန်းသစ် ၁၀ ဒသမ ၀၀၆ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂,၀၁၉,၃၀၀)နှင့် အခြားသစ်မျိုးစုံ ဝ ဒသမ ၉၂၁ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂,၁၀၀) စုစုပေါင်း တရားမဝင်သစ်မျိုးစုံ ၁၀ ဒသမ ၉၂၇ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂,၁၁၁,၄၀၀) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထပ်မံ၍ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင် ၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ်တွင် တရားမဝင်သစ်မျိုးစုံ ၁ ဒသမ ၂၇၅ တန်နှင့် ဂျင်ဒေါင်း အင်ဂျင် ၂၅ ကောင် အင်ဂျင် တစ်လုံး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၇,၆၆၀ ဖမ်းဆီးရမိခဲ့ပြီး သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ပါ၍ ဇန်နဝါရီ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ခြောက်မှု စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၇၈,၇၅၄,၄၀၀ ဖြစ် ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်