တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  နိုဝင်ဘာ ၁၀


တရားမဝင်   ကုန်သွယ်မှုတိုက်ဖျက်ရေး  ဦးဆောင် ကော်မတီ၏   ကြီးကြပ်ကွပ်ကဲမှုဖြင့်   တရားမဝင် ကုန်သွယ်မှုများကို   ဥပဒေနှင့်အညီ   ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး     ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် ကရင်ပြည်နယ်      တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏   စီမံခန့်ခွဲမှုဖြင့်  တာဝန်ကျ   ပူးပေါင်းအဖွဲ့က  စစ်ဆေးမှုများ    ဆောင်ရွက်ရာတွင်    ဘားအံမြို့ ကမော့ကစင်ကျေးရွာအနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့ သို့ မောင်းနှင်လာသော မော်တော်ယာဉ် သုံးစီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြ နိုင်ခြင်း မရှိသည့် SOHOU Men Slipper ဖိနပ် အရန် ၉၉၀၀၊ Omega နို့ဘူး  ၁၄၄၀၀ ၊  108  Detergent ဆပ်ပြာမှုန့် အထုပ် ၈၀၀ အပါအဝင်  ကုန်ပစ္စည်း ခြောက်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၆၆၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck  တစ်စီး၊ Hino Profia Truck  တစ်စီး၊ Chenglong Tractor Head တစ်စီး နှင့် နောက်တွဲယာဉ် တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀၀)၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၆၆၅၀၀၀၀ ကို  ဖမ်းဆီးရမိခဲ့ပြီး  အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ  အရေးယူဆောင်ရွက် လျက်ရှိသည်။


ထို့ပြင် နိုဝင်ဘာ ၈ ရက်တွင် အကောက်ခွန်ဦးစီး ဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန် သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ တစ်လုံး အတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထား ခြင်း   မရှိသည့်   Sunway  Tech   ဆိုလာပြား၁၅၅ ခု (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၅၅၀၀၀၀) ကို လည်းကောင်း၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ သွင်းကုန် ကြေညာလွှာ တွင် ကြေညာထားခြင်း မရှိသည့် Omega နို့ဘူး ၂၆၄၀၀ အပါအဝင် ကုန်ပစ္စည်း လေးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၈၈၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Chenglong Tractor Head တစ်စီးနှင့် နောက်တွဲယာဉ် တစ်တွဲ  (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၅၀၀၀၀၀၀) ကိုလည်းကောင်း၊ ကော့ကရိတ် (တံတားကျိုး)စုပေါင်းစစ်ဆေးရေးစခန်း၌  မြဝတီ မြို့မှ  ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော် ယာဉ်   နှစ်စီးပေါ်မှ   တရားဝင်စာရွက်စာတမ်း အထောက်အထား     တင်ပြနိုင်ခြင်း     မရှိသည့်  VICO ထမင်းပေါင်းအိုး အလုံး  ၉၀ ၊ Picnic Cooler ရေခဲပုံး ၆၀ အပါအဝင် ကုန်ပစ္စည်း ငါးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ်   ၈၂၂၅၀၀၀)  ကို  လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၄၅၇၅၀၀၀  ကို  ဖမ်းဆီးရမိခဲ့ပြီး   အကောက်ခွန် လုပ်ထုံးလုပ်နည်း များနှင့်အညီ        အရေးယူဆောင်ရွက်လျက်ရှိ သည်။


ထို့ပြင် နိုဝင်ဘာ ၈ ရက်တွင် ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်   တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နမ္မတီးမြို့ ဆီးဒင်ယံ ကျေးရွာအနီး၌ မြစ်ကြီးနားမြို့မှ ၈ မိုင်ကျေးရွာသို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီဂါလန် ၇၂၀(ခန့်မှန်း တန်ဖိုးငွေကျပ် ၉၃၀၀၀၀၀)နှင့် အဆိုပါ စက်သုံးဆီ များ တင်ဆောင်လာသည့် DONG  FENG  Truck  တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရလည်းကောင်း၊  ဗန်းမော်မြို့ ရွှေပြည်သာရပ်ကွက်၌ တရား မဝင် ကျွန်းသစ်နှင့် အခြားသစ်မျိုးစုံ  ၆၉ ဒသမ ၀၀၂ တန်   (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၅၄၁၅၈၄) ကို သစ်တောဥပဒေအရလည်းကောင်း    စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၉၈၄၁၅၈၄ကို  ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။


ထို့ပြင် နိုဝင်ဘာ ၉ ရက်တွင် ရန်ကုန်တိုင်းဒေသ ကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လှော်ကားလမ်းမ ကြီး တောင်ဒဂုံစက်မှုဇုန်(၁)(၂)အတွင်းရှိ သစ်စက်၊ ခွဲသားအရောင်းဆိုင်များအား ရှောင်တခင် စစ်ဆေးမှု များ    ဆောင်ရွက်ခဲ့ရာ   တရားမဝင်    အခြားသစ်  ၃ ဒသမ ၀၅၈ တန် စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၁၄၁၀၂ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


ထို့ပြင် နိုဝင်ဘာ ၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်   တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ  တောင်ငူခရိုင် အတွင်း၌ တရားမဝင် ကျွန်းသစ်  ၂ ဒသမ ၃၆၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၈၀၁၂၀)ကို   သစ်တော ဥပဒေအရလည်းကောင်း၊ မင်းလှမြို့နယ် စစ်ကွင်း မြို့  တာကလေးကျေးရွာအနီး၌ လိုင်စင်မဲ့ Super Custom မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရ လည်းကောင်း  စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၈၀၁၂၀ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိ သည်။


သို့ဖြစ်ပါ၍ နိုဝင်ဘာ ၇ ရက်၊ ၈ ရက်နှင့် ၉ ရက်တို့ တွင်   ဖမ်းဆီးရမိမှု   စုစုပေါင်းမှာ   အမှုတွဲ   ၁၇မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၄၀၆၀၈၀၆) ဖြစ်ကြောင်း  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး  ဦးဆောင် ကော်မတီမှ သိရသည်။ 


သတင်းစဉ်