တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   မတ်   ၈
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး    ဦးဆောင် ကော်မတီ၏   ကြီးကြပ်ကွပ်ကဲမှုဖြင့်   တရားမဝင် ကုန်သွယ်မှုများကို   ဥပဒေနှင့်အညီ   ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး     ဆောင်ရွက်လျက်ရှိရာ
မတ် ၆ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့်  တာဝန်ကျပူးပေါင်းအဖွဲ့များက  စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပုသိမ်ခရိုင် ပုသိမ်မြို့နယ်၌ အခြား သစ်  ၁၀ ဒသမ ၇၈၅ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၁၉၆၃) ကို သစ်တောဥပဒေအရလည်းကောင်း၊ ဖျာပုံမြို့ အမှတ်(၃)ရပ်ကွက်   ဘိုကလေးလမ်းနှင့် ရတနာလမ်းထောင့်၌   လိုင်စင်မဲ့  Toyota Succeed မော်တော်ယာဉ်တစ်စီးနှင့် ဟင်္သာတမြို့နယ်  ဇီးကုန်း ကျေးရွာ၌ လိုင်စင်မဲ့ Toyota Succeed မော်တော် ယာဉ်တစ်စီး စုစုပေါင်း မော်တော်ယာဉ်နှစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေ အရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၉၁၉၆၃ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိ သည်။
ထို့အတူ မတ် ၆ ရက်တွင် အကောက်ခွန်ဦးစီး ဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များ က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြန်မာ့စက်မှု ဆိပ်ကမ်း၌ ကုန်သေတ္တာငါးလုံးအတွင်းမှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် တရုတ် စာတမ်းပါ Chemical အရည်ပုံး ၈၀၊ DILONG Electrical Control Panel Board တစ်ခုနှင့် သွင်းကုန် ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာ ပါရှိလာသည့် Jinko Solar Panel အခု ၂၄၈၀ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃၇၇၇၀၀၀၀ ကို ဖမ်းဆီးရမိ ခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မတ် ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ   ရွာသာကြီး  Dry Port   ၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြ နိုင်ခြင်းမရှိသည့် အမျိုးသမီးဝတ် အဝတ်အထည် ၂၈၅၀ အပါအဝင် ကုန်ပစ္စည်းခုနစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၁၁၀၀၀၀၀) နှင့် Volvo Tractor  Head  တစ်စီးနှင့်  နောက်တွဲယာဉ်တစ်တွဲ   (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၅၀၀၀၀၀၀)  စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ်   ၁၁၆၁၀၀၀၀၀   ကို   ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်     လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မတ် ၇ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်       တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ (၁၆)မိုင် ကျောက်ချော စစ်ဆေးရေးစခန်း၌    မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြ နိုင်ခြင်းမရှိသည့် Benzyl Cyanide ဟု ယူဆရသော အက်စစ်အရည် လီတာ ၇၂၀၀၊ Dichloromethane ဟု   ယူဆရသော   အက်စစ်အရည်  လီတာ ၇၂၀၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇၀၄၀၀၀၀) နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Truck နှစ်စီး  (ခန့်မှန်းတန်ဖိုးငွေကျပ်    ၉၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၇၀၄၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်၍ မတ် ၆ ရက်နှင့် ၇ ရက်တို့တွင် ဖမ်းဆီးရ မိမှုစုစုပေါင်းမှာ    အမှုတွဲ   (၁၃)  မှု၊   (ခန့်မှန်းတန်ဖိုး  ငွေကျပ်  ၁၀၂၇၃၀၁၉၆၃)  ဖြစ်ကြောင်း   တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး    ဦးဆောင်ကော်မတီမှ သိရသည်။                                               
သတင်းစဉ်