တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   သြဂုတ်   ၁၆
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ် ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၄ ရက်တွင်  အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ နှစ်လုံးအတွင်းမှ  သွင်းကုန်ကြေညာလွှာတွင်  ကြေညာထားခြင်း မရှိ သည့် Antique Floor Tile ၂၇၈၄ စတုရန်းမီတာ အပါအဝင် ကုန်ပစ္စည်း လေးမျိုး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၃၀၀၈၀၀)  ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌  ခရီးသည်သုံးဦး၏  ဝန်စည်များ အတွင်းမှ  တရားဝင်တင်သွင်းခွင့်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် ဆေးဝါး Aci Clovior Tablets ကူးစက်ရောဂါ ကာကွယ်ဆေး  ၁၀ လုံးပါကတ် ၁၂၀ ၊ အိန္ဒိယနိုင်ငံထုတ် ဆေးဝါး Erlotinib ကင်ဆာရောဂါကာကွယ် ဆေးမျိုး ၂၀ အပါအဝင် ဆေးပစ္စည်းသုံးမျိုး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၃၅၀၅၀၀)ကို လည်း ကောင်း  စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၆၅၁၃၀၀ ကို ဖမ်းဆီး ရမိခဲ့ပြီး   အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ   အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သြဂုတ် ၁၄ ရက်တွင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သံလွင်တံတား ပူးပေါင်းစစ်ဆေးရေး ဂိတ်(တရုတ်လှဘက်ခြမ်း)၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာ သည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက် အထားတင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် Two Golden Cranes ခရုဆီ ၃၆ ပုလင်း၊ Assorted Car Side Mirror ၆၃၀ ကီလိုဂရမ် ၊ Knorr တံဆိပ် ကြက်သားမှုန့်ဘူး ၅၀ ၊  တရုတ်နိုင်ငံထုတ် Delton Welding Machine ၁၀ လုံး အပါအဝင် ကုန်ပစ္စည်းခြောက်မျိုး စုစုပေါင်း  ခန့်မှန်း တန်ဖိုးငွေကျပ် ၇၄၃၀၀၀၀ ကို  ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် သြဂုတ် ၁၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး  တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏   စီမံခန့်ခွဲမှုဖြင့်   တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  ဘုရားကြီးမြို့ လမ်းဆုံ အနီး၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြ နိုင်ခြင်းမရှိသည့်  ထိုင်းနိုင်ငံထုတ်  ဟင်းသီးဟင်းရွက်ဆီ တစ်လီတာပါ ဘူး ၄၈၀  အပါအဝင် ကုန်ပစ္စည်းလေးမျိုး   (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၁၄၀၀၀၀)နှင့်  အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀) စုစုပေါင်း  ခန့်မှန်း တန်ဖိုးငွေကျပ် ၅၀၁၄၀၀၀၀  ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက် ရှိသည်။
ထို့အတူ သြဂုတ် ၁၄ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏   စီမံခန့်ခွဲမှုဖြင့်   တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  မြန်အောင်ခရိုင်နှင့် ပုသိမ်ခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ်  ၀ ဒသမ ၅၅၂ တန်၊ အခြားသစ် ၅ ဒသမ ၇၂၁ တန်  (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၉၀၄၄၆)ကို သစ်တောဥပဒေအရလည်းကောင်း၊ ဟင်္သာတခရိုင်အတွင်း၌လိုင်စင်မဲ့ Honda Fit Shuttle မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း  စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၉၆၉၀၄၄၆ ကို  ဖမ်းဆီးအရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့အတူ သြဂုတ် ၁၄ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏   စီမံခန့်ခွဲမှုဖြင့်  တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ    မန္တလေးမြို့
မြစ်ငယ်စစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်နှစ်စီးပေါ်မှ  တရားဝင် စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံ ထုတ် Galvanized Iron Pipe ၂၂၁၀၀  ကီလိုဂရမ်အပါအဝင်  ကုန်ပစ္စည်း ငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁၅၉၃၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး၊ Nissan Diesel Tractor Head တစ်စီးနှင့် နောက်တွဲယာဉ် တစ်တွဲ (ခန့်မှန်း တန်ဖိုး ငွေကျပ် ၉၆၀၀၀၀၀၀) ကိုလည်းကောင်း၊ ကျွဲတပ်ဆုံစစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်တစ်စီး ပေါ်မှ  တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်    တရုတ်နိုင်ငံထုတ်   ကြက်သွန်ဖြူ ၁၀ ကီလို ဂရမ်ပါ အိတ် ၇၅၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀) နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀)ကို  လည်းကောင်း  စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၇၅၉၃၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သြဂုတ် ၁၅ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏   စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်းဘူးခရိုင်အတွင်း ၌ တရားမဝင် ကျွန်းသစ် ၀ ဒသမ ၁၆၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၈၄၆၀) နှင့် မီးသွေး  ၁၂ ဒသမ ၁၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၁၂၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၉၆၆၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ သြဂုတ် ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၃ မှု  (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၂၇၅၄၄၀၆)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။                                     သတင်းစဉ်