တရားမဝင် သစ်မျိုးစုံ၊ လျှပ်စစ်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   မတ်   ၂၉
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး    ဦးဆောင် ကော်မတီ၏   ကြီးကြပ်ကွပ်ကဲမှုဖြင့်    တရားမဝင် ကုန်သွယ်မှုများကို   ဥပဒေနှင့်အညီ      ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး      ဆောင်ရွက်လျက်ရှိရာ မတ် ၂၇ ရက်တွင်စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရွှေဘိုမြို့နယ် အတွင်း၌ လိုင်စင်မဲ့   Kenbo 125   အမျိုးအစား မော်တော်ဆိုင်ကယ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 
ထို့ပြင် မတ် ၂၈ ရက်တွင်  အကောက်ခွန်ဦးစီးဌာန ၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန်အဖွဲ့များ က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ထီးတန်းဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ သွင်းကုန်ကြေညာ လွှာ(ID)တွင် ကြေညာထားခြင်းမရှိသည့် လျှပ်စစ် ပစ္စည်းမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၂၃၁၆၅၀)ကိုလည်းကောင်း၊ မြန်မာစက်မှုဆိပ်ကမ်းကုန်သေတ္တာ စစ်ဆေးရေးစခန်း၌   သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသည့် Huawei Power Rating နှစ်ခု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀၄၉၂၈၄)ကိုလည်းကောင်း၊ လားရှိုးမြို့နယ် အကောက်ခွန်ဦးစီး ဌာနမှူး     ဦးဆောင်သော    စစ်ဆေးရေးအဖွဲ့က မန္တလေး- လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီး ပေါ်ရှိ  အိုရီယမ်တယ်   စစ်ဆေးရေးဂိတ်အနီးတွင် မန္တလေးမြို့မှ  မူဆယ်မြို့သို့   မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်၌ တရားမဝင် ပိတောက် သစ်ခွဲသားဆိုက်စုံ  ၀ ဒသမ ၈၀၀ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၀၀၀၀၀)နှင့် အဆိုပါသစ်များ တင်ဆောင် လာသည့်  မော်တော်ယာဉ်တစ်စီး  (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၂၀၀၀၀၀၀) ကို လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂၇၈၀၉၃၄ ကို ဖမ်းဆီးရ မိခဲ့ပြီး   အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 
အလားတူ   ပဲခူးတိုင်းဒေသကြီး   တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် သာယာဝတီခရိုင် သစ်တောဦးစီးဌာန ဦးဆောင် သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မင်းလှမြို့နယ် မုက္ခာကြိုးဝိုင်းအတွင်း၌ တရားမဝင် ကျွန်းသစ်နှင့် သစ်မာ ၇၄ ဒသမ ၈၉၇၂ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၈၈၉၂၅၅၆)   ကို  ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
သို့ဖြစ်ပါ၍  မတ် ၂၇ ရက်နှင့် ၂၈  ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ခြောက်မှု (ခန့်မှန်း တန်ဖိုးငွေကျပ်   ၁၂၁၉၇၃၄၉၀)     ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး    ဦးဆောင် ကော်မတီမှ သိရသည်။                သတင်းစဉ်