
နေပြည်တော် မတ် ၂၃
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲ မှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ စက်မှုဆိပ်ကမ်းကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ နှစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာ ထားခြင်းမရှိသည့် Electric Led Bulb UFO Light ၁၀၀၁ ကီလိုဂရမ်နှင့် Gaming Chair ၄၄၇ လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၆၀၆၆၉၆) ကိုလည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေး စခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ Valid for Prior Arrival (VPA) ၆၁ ရက် ကျော်လွန်နေသည့် Ehrmann Yogurt Drink ၁၀၇၃ ဒသမ ၆ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၀၉၀၀၀၀)ကိုလည်းကောင်း၊ ထီးတန်းဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန် သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန် လိုင်စင်တင်ပြနိုင်ခြင်း မရှိသည့် Paints Multicolor Colorant ၆၂၃ ပုံး (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၇၀၀၂၁၉၅) ကို လည်း ကောင်း၊ သီလဝါဘက်စုံသုံးအပြည်ပြည် ဆိုင်ရာဆိပ်ကမ်း၌ ကုန်သေတ္တာ တစ်လုံး အတွင်းမှ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်း မရှိသော ဆောက်လုပ်ရေးသုံးပစ္စည်း ဖြစ်သည့် Cold Rolled Sheet In Coil ၃၆၀၈၇၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄၂၆၇၀၄၆၀) ကို လည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေဆိပ် (သွင်းကုန်) ၌ သွင်းကုန်လိုင်စင် လိုအပ်သော Gear Box RWDS5 တစ်စုံ အပါအဝင် ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၇၃၄၀၀၀၀) ကို လည်း ကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၉၁၂၇၀၉၃၅၁ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မတ် ၂၁ ရက်တွင် ကရင် ပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် မြဝတီခရိုင် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့က မြဝတီမြို့ အာရှလမ်း One Star တာယာဆိုင်အနီး၌ မော်တော်ယာဉ်တစ်စီးအား ရှောင်တခင် သွားရောက်စိစစ်၍ မြဝတီမြို့နယ် အကောက်ခွန်ဦးစီး ဌာနမှူးရုံးတွင် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ၎င်း မော်တော်ယာဉ်ပေါ်၌ တရားဝင် စာရွက် စာတမ်း အထောက်အထား တင်ပြနိုင် ခြင်းမရှိသည့် M-150 အချိုရည် ၄၀ ဖာ၊ Lactasoy Soymilk ဖာ ၉၀၊ ပုစွန် တစ်ကောင် စားသုံးဆီ ၃၆၀ လီတာ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀၄၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သည့် Nissan Caravan အမျိုးအစား မော်တော် ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၀၀၀၀၀၀) ကိုလည်းကောင်း၊ သံလွင် တံတား (ဘားအံ) စုပေါင်းစစ်ဆေးရေး ဂိတ်၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က ဘားအံမြို့မှ ပဲခူးမြို့သို့ သွားရောက်မည့် မော်တော်ယာဉ်တစ်စီးပေါ်တွင် တရားဝင် စာရွက်စာတမ်း အထောက်အထားတင်ပြ နိုင်ခြင်းမရှိသည့် Singha Beer ဖာ ၁၃၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၅၀၀၀၀) နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်သည့် Toyota Hilux အမျိုးအစား မော်တော် ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၂၅၄၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ် တစ်စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိ သည့် Electric Pan အလုံး ၃၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၄၀၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်သည့် Nissan Caravan အမျိုးအစား မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀)၊ စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၁၄၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မတ် ၂၂ ရက်တွင် ပဲခူးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက် ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြို့နယ်သစ်တောဦးစီးဌာန ဦးဆောင် သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျောက်တံခါးမြို့နယ် ရဲနွယ်ကြိုးဝိုင်းအတွင်း တရားမဝင်ကျွန်းခွဲ သားနှင့် ပျဉ်းကတိုးခွဲသား ၁ ဒသမ ၅၆၆၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၂၀၆၀၈) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
သို့ဖြစ်ပါ၍ မတ် ၂၀ ရက်၊ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၃) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၅၄၁၂၃၉၅၉) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
သတင်းစဉ်