တရားမဝင် သစ်မျိုးစုံ၊ ဘက်ထရီအိုးနှင့်ဆက်စပ်ပစ္စည်းများ၊ အထည်အလိပ်များ၊ လူသုံးကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   မေ  ၇


တရားမဝင်   ကုန်သွယ်မှုတိုက်ဖျက်ရေး   ဦးဆောင် ကော်မတီ၏   ကြီးကြပ်ကွပ်ကဲမှုဖြင့်   တရားမဝင် ကုန်သွယ်မှုများကို   ဥပဒေနှင့်အညီ  ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး     ဆောင်ရွက်လျက်ရှိရာ မေ ၄ ရက်တွင်   ရန်ကုန်တိုင်းဒေသကြီး   တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီံမံခန့်ခွဲမှု ဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင် သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ဦးဆောင်သော ပူးပေါင်းအဖွဲ့ က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ တရားမဝင် ကျွန်းပါကေးအကြမ်းတုံး     ၂  ဒသမ   ၃၀၂၀  တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၉၀,၆၀၀)နှင့်   အဆိုပါ သစ်များ တင်ဆောင်လာသည့် မော်တော်ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)ကို လည်း ကောင်း၊ တိုက်ကြီးမြို့နယ် ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင် ၅၁/၂ အနီး၌ တရားမဝင် ပျဉ်းကတိုး ခွဲသား  ၇  ဒသမ   ၆၃၁၄  တန်     (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၂၆,၂၈၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာ သည့် NISSAN UD အမျိုးအစား  ၁၀ ဘီး ကုန်တင် ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၀၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း  ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇,၂၁၆,၈၈၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 


ယင်းအပြင် မေ ၆ ရက်တွင် အကောက်ခွန်ဦးစီး ဌာန၏    စီမံခန့်ခွဲမှုဖြင့်     မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌        တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားခြင်း မရှိသော   ဘက်ထရီအိုးနှင့်  ဆက်စပ်ပစ္စည်းများ၊  အထည်အလိပ်များ၊      လူသုံးကုန်ပစ္စည်းများနှင့် အလှကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုး     ငွေကျပ် ၁၂၅,၂၃၂,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက် ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 


ထို့ပြင် မေ ၇ ရက်တွင် ကရင်ပြည်နယ် တရား မဝင်  ကုန်သွယ်မှုတိုက်ဖျက်ရေး  အထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့်     ကော့ကရိတ်(တံတားကျိုး)     စုပေါင်း စစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  ၁၂ ဘီး ကုန်တင် ယာဉ် တစ်စီးပေါ်တွင် တရားမဝင် တင်ဆောင်လာ သော lipovitan -D အချိုရည်များ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄,၅၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက် ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 


ထို့အတူ     ပဲခူးတိုင်းဒေသကြီး   တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန  ဦးဆောင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ   ပဲခူးမြို့နယ်  ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၇/၀ အနီး၌ တရားမဝင်  ပျဉ်းကတိုးခွဲသား  ၀  ဒသမ  ၇၀၅၀ တန်   (ခန့်မှန်း တန်ဖိုးငွေကျပ်   ၁၄၁,၀၀၀) ကို      ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

 


သို့ဖြစ်ပါ၍  မေ ၄  ရက်၊ ၆ ရက်နှင့် ၇ ရက်တို့တွင် ဖမ်းဆီးရမိမှု  စုစုပေါင်းမှာ အမှုတွဲ  ၁၁ မှု (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀၇,၁၃၉,၈၈၀ ) ဖြစ်ကြောင်း တရား မဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။  

                                       

သတင်းစဉ်