
နေပြည်တော် ဇွန် ၂၉
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇွန် ၂၇ ရက်တွင် ကော့ကရိတ် (တံတားကျိုး) စုပေါင်း စစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိ သည့် Karat Toilet Commode အခု ၃၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃,၆၀၀,၀၀၀) ကိုလည်းကောင်း၊ သံလွင်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မြဝတီ မြို့မှ နတ်မောက်မြို့သို့ မောင်းနှင်လာသည့် မော်တော် ယာဉ် တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ပုဇွန် နှစ်ကောင်စားဆီ ( ၂၄၀ လီတာ အပါအဝင် ကုန်ပစ္စည်း သုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၈၅,၀၀၀)၊ ပုဇွန် တစ်ကောင်စားဆီ ၁၀၈၀ လီတာ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂,၄00,000) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် 20,000,၀၀၀) ကို လည်း ကောင်း၊ ဇွန် ၂၈ ရက်တွင် ကျားကလေး-ဇာသပြင် လမ်းပိုင်း၊ လမ်းအသုံးပြုခ ကောက်ခံရေးဂိတ်အနီး၌ မော်တော်ယာဉ် တစ်စီးပေါ်မှ အကောက်ခွန်မဲ့ ပစ္စည်း များ တွေ့ရှိရသဖြင့် ဘားအံမြို့နယ် အကောက်ခွန် ဦးစီးဌာနမှူးရုံးသို့ ပို့ဆောင်၍ အသေးစိတ်စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Carabo အချိုရည်ဘူး ၇၂၀၀ အပါအဝင် ကုန်ပစ္စည်း ရှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၃၇၆,၀၀၀) ကို လည်း ကောင်း၊ Brand ငှက်သိုက်ဘူး ၁၄၄၀ အပါအဝင် ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၀၀၀,၀၀၀) ကိုလည်းကောင်း၊ Nescafe Red Cup ကော်ဖီမှုန့် အထုပ် ၃၆၀ အပါအဝင် ကုန်ပစ္စည်း ခြောက်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၈၅၀,၀၀၀)ကိုလည်းကောင်း၊ မုန့်ပုံး ၁၀၈ ဘူး အပါအဝင် ကုန်ပစ္စည်း သုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၂၂၃,၀၀၀) ကို လည်းကောင်း၊ Fineline အမွှေးဆီ အထုပ် ၄၈၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀,၀၀၀)ကိုလည်းကောင်း၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့ သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် Miami PVC Cabinet ၁၀ စုံ (ခန့်မှန်း တန်ဖိုးငွေကျပ် ၄,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၉,၅၇၄,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
ထို့ပြင် ဇွန် ၂၈ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ကျောက်ရပ်ကျေးရွာ၊ မြိတ်-ထားဝယ်ကားလမ်း ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်မြို့မှ ထားဝယ်မြို့သို့ မောင်းနှင် လာသည့် မော်တော်ယာဉ် တစ်စီးပေါ်မှ အကောက် ခွန်မဲ့ ကုန်ပစ္စည်းများ တွေ့ရှိရသဖြင့် ထားဝယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးသို့ ပို့ဆောင်၍ အသေး စိတ် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Tevax ဆေးဘူး ၂၄၀၀ အပါအဝင် ဆေးဝါး ကိုးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၂၆၉,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈,၂၆၉,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့အတူ ဇွန် ၂၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လက်ပံလှ-စဉ့်ကူး ယာယီစစ်ဆေးရေးစခန်း၌ ဗန်းမော်မြို့မှ မန္တလေး မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် တစ်စီး ပေါ်မှ ဂျပ်စက္ကူဟောင်းများ၊ အခွန်ပေးဆောင်ထား ခြင်းမရှိသည့် ထီးဖာများ၊ ပြောင်းဆန်အိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသော အကောက်ခွန်မဲ့ပစ္စည်း များ တွေ့ရှိရသဖြင့် မန္တလေးမြို့နယ် အကောက်ခွန် ဦးစီးဌာနမှူးရုံးသို့ ပို့ဆောင်၍ အသေးစိတ်စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် နံ့သာနီဟု ယူဆရသော သစ်အပိုင်းအစ ၁၈၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀)၊ တရုတ်နိုင်ငံ ထုတ်ထီး ၃၃၅၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၃၅၀,၀၀၀)၊ မြေပဲ ၁၅၀၀ ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄,၉၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Nissan Diesel Truck တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃,၂၅၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
သို့ဖြစ်၍ ဇွန် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၇ မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀၁,၀၉၃,၀၀၀) ဖြစ်ကြောင်း တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်