
၁။ ပို့ကုန်သွင်းကုန် လိုင်စင်/ပါမစ်လျှောက်ထားမှုများအား သတ်မှတ်ထားသည့် ဥပဒေစည်းမျဉ်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဥပဒေစည်းမျဉ်း လုပ်ထုံးလုပ်နည်းနှင့်မညီသော လိုင်စင်/ပါမစ်လျှောက်ထားမှုများအား လက်ခံဆောင်ရွက်ပေးခြင်း၊ ခွင့်ပြုပေးခြင်းမပြုပါ။
၂။ ပို့ကုန်သွင်းကုန် လိုင်စင်/ပါမစ်လျှောက်ထားခြင်းနှင့်ပတ်သက်၍ လိုင်စင်ကြေးအပါအဝင် နိုင်ငံတော် သို့ တရားဝင်ပေးသွင်းရသည့် အခကြေးငွေများအား TradeNet 2.0 Online စနစ်တွင် e – payment စနစ်ဖြင့်သာ ပေးသွင်းရမည်ဖြစ်ပြီး အခြားမည်သည့်အခကြေးငွေမျှ ထပ်မံပေးသွင်းရန်မလိုကြောင်း၊ လာဘ်လာဘနှင့် မလိုလားအပ်သော တံစိုးလက်ဆောင်များကိုလည်း အခြားနည်းလမ်းများဖြင့် ပေးအပ်ခြင်း၊ လက်ခံခြင်း၊ လုံးဝ(လုံးဝ) မပြုလုပ်ရန်နှင့် ပို့ကုန်သွင်းကုန် လိုင်စင်/ပါမစ်လျှောက်ထားရာတွင် နိုင်ငံတော်သို့ ပေးဆောင်ရမည့် အခကြေးငွေအပြင် သီးခြားတောင်းခံမှု၊ အပိုကြေးပေးချေရမှုများရှိပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်နှင့် email များသို့ လုံခြုံစိတ်ချစွာ သတင်းပေးပို့ ဆက်သွယ်တိုင်ကြားနိုင်သည်-
(က) ညွှန်ကြားရေးမှူးချုပ် ၀၆၇-၃၄၀၈၄၀၄၊ ၀၉-၂၅၇၁၆၈၈၇၂
dg.office01@gmail.com
(ခ) ဒုတိယညွှန်ကြားရေးမှူးချုပ် ၀၆၇-၃၄၀၈၄၈၃၊ ၀၉-၆၉၇၇၃၃၇၉၄
(ကုန်သွယ်ရေး) ddgoffice2018@gmail.com
(ဂ) ဒုတိယညွှန်ကြားရေးမှူးချုပ် ၀၆၇-၃၄၀၈၃၂၄၊ ၀၉-၄၂၂၁၉၀၉၉၉
(လွယ်ကူ/စေ့စပ်) ninikyaw6055@gmail.com
ကုန်သွယ်ရေးဦးစီးဌာန