တရားမဝင် ကျွန်းသစ်၊ လူသုံးကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ စက်မှုကုန်ကြမ်းပစ္စည်းများ၊ ယာဉ်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   ဧပြီ   ၂၂
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေး           ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူ နိုင်ရေး      ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၉ ရက်တွင် ပဲခူးတိုင်းဒေသ ကြီး         တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏  စီမံ ခန့်ခွဲမှုဖြင့်   တာဝန်ကျပူးပေါင်း အဖွဲ့က   သတင်းအရ   ညောင်ခါး ရှည် X-Ray စက် စစ်ဆေးရေးဂိတ် အနီးတွင် တရားမဝင်ကုန်ပစ္စည်း များ         တင်ဆောင်လာသော မော်တော်ယာဉ်          နှစ်စီးအား တားဆီး၍         ပဲခူးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးသို့ ခေါ်ယူပြီး   အဖွဲ့စုံဖြင့်  စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ မော်တော် ယာဉ်     နှစ်စီးပေါ်မှ  တရားဝင် စာရွက်စာတမ်း         အထောက် အထား တစ်စုံတစ်ရာ တင်ပြနိုင် ခြင်းမရှိသည့်    ကားတာယာ အဟောင်း  ၁၉၃ လုံး အပါအဝင် ကုန်ပစ္စည်း  ၁၉ မျိုး  (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၆၉၆၂၀၀၀)ကို လည်းကောင်း၊ အဆိုပါပစ္စည်းများ တင်ဆောင်သော Nissan Diesel Tractor Head နှစ်စီးနှင့် နောက် တွဲယာဉ် နှစ်တွဲ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၇၀၀၀၀၀၀)ကိုလည်း ကောင်း    စုစုပေါင်း   ခန့်မှန်း တန်ဖိုးငွေကျပ် ၁၉၃၉၆၂၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး   အကောက်ခွန် လုပ်ထုံး   လုပ်နည်းများနှင့်အညီ အရေးယူ         ဆောင်ရွက်လျက်ရှိ သည်။
ဖမ်းဆီးအရေးယူ
အလားတူ ရန်ကုန်တိုင်းဒေသ ကြီး         တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏  စီမံ ခန့်ခွဲမှုဖြင့်  စစ်ဆေးမှုများဆောင် ရွက်ခဲ့ရာ   ဧပြီ   ၁၉   ရက်တွင် ရန်ကုန်မြောက်ပိုင်းခရိုင်   သစ် တောဦးစီးဌာန   ဦးဆောင်သော ပူးပေါင်းအဖွဲ့က လှည်းကူးမြို့နယ် မင်းကုန်းကျေးရွာ (၁) ရပ်ကွက် နတ်စင်အင်း စာသင်ကျောင်းလမ်း အနီး၌     မော်တော်ယာဉ်တစ်စီး ပေါ်မှ  တရားမဝင်ကျွန်းသစ်    ၄ ဒသမ  ၇၉၂ တန်  (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၈၁၄၉၂)နှင့်  အဆိုပါ သစ်များ   တင်ဆောင်လာသည့် Mitsubishi Canter Truck တစ် စီး     (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀)  ကို      သစ်တော ဥပဒေအရ လည်းကောင်း၊ ဧပြီ ၂၀ ရက်တွင် အမှတ်(၂)  ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲ လိုင်စင်မဲ့ယာဉ်ဖမ်းဆီးရမိရေးအဖွဲ့က  သန်လျင်မြို့နယ် အမှတ်(၂) တံတား(ကုလားဝဲ)ထိပ် ၌ လိုင်စင်မဲ့ Honda Fit မော်တော် ယာဉ်  တစ်စီး  (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၀၀၀၀၀)ကို သက်ဆိုင် ရာ   လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ်  ၃၀၀၈၁၄၉၂ ကို ဖမ်းဆီးအရေးယူ   ဆောင်ရွက် လျက်ရှိသည်။
ထို့အတူ  အကောက်ခွန်ဦးစီး ဌာန၏  စီမံခန့်ခွဲမှုဖြင့်  တာဝန်ကျ အကောက်ခွန်              အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဧပြီ ၁၉ ရက်တွင်  အေးရှားဝေါလ် ကုန်သေတ္တာ  စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ  နှစ်လုံးအတွင်းမှ သွင်းကုန်လိုင်စင်       မရရှိမီ ဆိပ်ကမ်းသို့      ကြိုတင်ရောက်ရှိ သည့် ရက် ၆၁ရက်ကျော်လွန်သော Super Cornice Compound EC-98   ၇၈၀၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး          ငွေကျပ် ၂၄၅၇၀၀၀၀)  နှင့်   သွင်းကုန် ကြေညာလွှာတွင် ကြေညာထား ခြင်းမရှိသည့်   ရုံးသုံးစားပွဲ  အလုံး ၅၀     (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀)ကို  လည်းကောင်း၊ ရန်ကုန်          အပြည်ပြည်ဆိုင်ရာ လေဆိပ် လေဆိပ်(သွင်းကုန်)၌ ဝန်စည်များအတွင်းမှ  သွင်းကုန် လိုင်စင်   တင်ပြနိုင်ခြင်းမရှိသည့် EI-6550 DV Standard X-Ray Baggage Scanner အပိုပစ္စည်း တစ်စုံအပါအဝင် ကုန်ပစ္စည်း နှစ် မျိုး        (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၆၁၀၀၀)ကိုလည်းကောင်း၊ ဧပြီ ၂၀ ရက်တွင် မြန်မာစက်မှုဆိပ်ကမ်း ၌   ကုန်သေတ္တာ  နှစ်လုံးအတွင်း မှ   သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း       မရှိသည့် Grace Ceramic Toilet Seat ၂၆၉ လုံး  အပါအဝင် ကုန်ပစ္စည်း လေး မျိုး   (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၉၇၀၀၀)နှင့်    သွင်းကုန် လိုင်စင်   မရရှိမီ   ဆိပ်ကမ်းသို့ ကြိုတင်ရောက်ရှိသည့်  ရက်  ၆၁ ရက်ကျော်လွန်သော    Plastic Resin  ၉၉၀၀၀ ကီလိုဂရမ်   (ခန့်မှန်းတန်ဖိုး         ငွေကျပ်  ၁၈၇၁၁၀၀၀၀)ကိုလည်းကောင်း၊             စုစုပေါင်း    ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၅၁၃၈၀၀၀ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်   လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထပ်မံ၍  ဧပြီ  ၂၀  ရက်တွင် အကောက်ခွန်ဦးစီးဌာန၏   စီမံ ခန့်ခွဲမှုဖြင့်  ရှမ်းပြည်နယ်  ရေပူ အမြဲတမ်းစစ်ဆေးရေး   စခန်း၌ တာဝန်ကျ         ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့မှ         မန္တလေးမြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင် စာရွက် စာတမ်း          အထောက်အထား တစ်စုံတစ်ရာ   တင်ပြနိုင်ခြင်းမရှိ သည့် Dynam Battery  ၁၉  လုံး အပါအဝင် ကုန်ပစ္စည်း လေးမျိုး (ခန့်မှန်းတန်ဖိုး          ငွေကျပ် ၂၅၅၈၀၀၀)ကို  လည်းကောင်း၊ အဆိုပါပစ္စည်းများ  တင်ဆောင် လာသော Aung Zeya Micro Bus တစ်စီး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၅၅၈၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
အမှုတွဲ ၁၄ မှု
သို့ဖြစ်ပါ၍ ဧပြီ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင်    ဖမ်းဆီးရမိမှု စုစုပေါင်းမှာ   အမှုတွဲ   ၁၄    မှု  (ခန့်မှန်းတန်ဖိုး         ငွေကျပ်  ၄၉၁၇၃၉၄၉၂)     ဖြစ်ကြောင်း တရားမဝင်           ကုန်သွယ်မှု           တိုက်ဖျက်ရေး              ဦးဆောင် ကော်မတီမှ သိရသည်။
သတင်းစဉ်