
နေပြည်တော် မတ် ၂၅
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ် ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင်
အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန် အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်း၌ သွင်းကုန်ကြေညာ လွှာ(ID)တွင် ကြေညာထားခြင်းမရှိသည့် Space Robot (Toy) with Recharge အခု ၄၄၀ အပါအဝင် ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉၈၀၀၀၀) ကို လည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေဆိပ်(သွင်းကုန်)၌ သွင်းကုန်ကြေညာလွှာတွင် ကြေညာ ထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် ပိတ်လိပ်နှင့်ဇာများအပါအဝင် ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၇၀၀၀၀၀)၊ သွင်းကုန် လိုင်စင် လိုအပ်သော Tendocare Tablet ၁၄၅ ဒသမ ၅၀ ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၅၀၀၀၀၀)၊ Valid for Prior Arrival(VPA) ၆၁ ရက် ကျော်လွန်နေသည့် ဆေးဝါး များနှင့် Hi- REG XRC-10.0 Power Supply နှစ်ခု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၃၂၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၅၃၈၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မတ် ၂၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရှမ်းပြည်နယ် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မူဆယ်မြို့မှ မန္တလေးမြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ် နှစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ တွင် ကြေညာထားခြင်းမရှိသည့် Portable BT Speaker with Wireless MIC အခု ၁၆၀ နှင့် အထည်ပိတ်စများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၇၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် မော်တော် ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၆၇၅၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ မတ် ၂၃ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း များ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့က မြန်မာစက်မှု ဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ သွင်းကုန်ကြေညာလွှာ(ID)နှင့် သွင်းကုန်လိုင်စင် (IL)တို့တွင် ကြေညာထားခြင်းမရှိသည့် Refreshing Towel ကီလိုဂရမ် ၃၀၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
ထို့အတူ ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မူဆယ်တရားမဝင်ကုန်စည်တားဆီး ထိန်းချုပ်ရေးအဖွဲ့က မူဆယ်မြို့ ဆင်ဖြူစစ်ဆေးရေးဂိတ်၌ တရုတ်နိုင်ငံမှ ဝင်ရောက်လာသော မော်တော်ယာဉ်များအား ရှောင်တခင်သွားရောက် စစ်ဆေးစဉ် ဆင်ဖြူဂိတ်အကျော် လမ်းဘေးတစ်နေရာတွင် စုပုံထား သော ကုန်ပစ္စည်းများအား စိစစ်တွေ့ရှိရသဖြင့် မူဆယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံး၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကောက်ခွန်မဲ့ မိုဘိုင်းလ်ဖုန်း (အဟောင်း) ၅၂ လုံးအပါအဝင် ကုန်ပစ္စည်းရှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၀၁၅၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေး အထူးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်သောပူးပေါင်းအဖွဲ့က ညောင်ခါးရှည် X-Ray တွင် တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်လာသော မော်တော် ယာဉ်လေးစီးအား စိစစ်တွေ့ရှိရသဖြင့် ပဲခူးမြို့နယ် အကောက်ခွန် ဦးစီးဌာနမှူးရုံး၌ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက် စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသုံးဆီ လီတာ ၁၇၄၇၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၄၃၄၀၀၀)၊ Lipovitan-D Energy Drink ဖာ ၇၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၁၀၀၀၀) နှင့် အဆိုပါ ကုန်ပစ္စည်းများ တင်ဆောင်လာသည့် Toyota Hilux အမျိုးအစား မော်တော်ယာဉ်လေးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၉၉၃၄၄၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက် ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ မတ် ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၅ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၃၄၈၉၀၀၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်