
နေပြည်တော် မတ် ၁၈
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ မတ် ၁၁ ရက်၊ ၁၂ ရက်၊ ၁၄ ရက်နှင့် ၁၅ ရက် တို့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည်ဝန်စည်များအတွင်းမှ တရားဝင် စာရွက် စာတမ်း တင်ပြနိုင်ခြင်းမရှိသော WESTAR Watch ၁၀ လုံး၊ BILANO Watch Couple ၁၀ လုံး၊ Fine Japan Supplement ၂၈၈ ခု၊ MOTOROLA Walkie-talkie ၁၈ လုံး၊ ABORNI Watch လေးလုံး အပါအဝင် ကုန်ပစ္စည်း ခြောက်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၄၇၆၂၀၀၀)ကို လည်းကောင်း၊ မတ် ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် လေဆိပ် (သွင်းကုန်) ၌ ဝန်စည်များအတွင်းမှ Personal Allowance နှင့် အကျုံးဝင်ခြင်းမရှိသော HP 15.6" Laptop နှစ်လုံးအပါအဝင် ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၅၆၀၀၀)နှင့် သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသော Polyester Laminated ၃၇၆၅ ဒသမ ၅ မီတာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀၀၀၀၀၀)ကို လည်းကောင်း၊ မြန်မာစက်မှု ဆိပ်ကမ်းကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ ခြောက်လုံးအတွင်းမှ သွင်းကုန်ကြေညာ လွှာတွင် ကြေညာထားခြင်းမရှိသော Washing Machine Hose Pipe ၁၈၀ ကီလိုဂရမ်၊ Bolt and Nut ၄၃၀၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၁၄၂၀၀)၊ ပို့ကုန်ကြေညာလွှာတွင် ကြေညာထား သည်နှင့် ကွဲလွဲစွာပါရှိလာသော Dried Konjac Chips ၂၆၂၉၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၈၆၄၆၃၀၀)နှင့် Valid for Prior Arrival (VPA) ၆၁ ရက် ကျော်လွန်သည့် ပစ္စည်းများဖြစ်သော Minigao Children Bicycle အစီး၄၀၀ ၊ Ball Bearing with Housing Pillow Block Bearing ၁၀၂၀၊ Stacking Machine တစ်လုံး အပါအဝင် ကုန်ပစ္စည်း ၂၁ မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၁၇၈၈၈၄၈)ကို လည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေး ရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ Valid for Prior Arrival (VPA) ၆၁ ရက် ကျော်လွန်သည့် ပစ္စည်းများဖြစ်သော Hand Trolley Capacity ငါးစီး အပါအဝင် ကုန်ပစ္စည်းခြောက်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၉၁၄၁၀၀)ကို လည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၃၁၈၁၄၄၈ ကို ဖမ်းဆီးရမိ ခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အရေးယူဆောင်ရွက်
ထပ်မံ၍ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှု ဖြင့် မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်း၌ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက် ခဲ့ရာ မတ် ၁၅ ရက်တွင် ရေးမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း တင်ပြနိုင်ခြင်းမရှိသည့် Wai Wai Instant Rice Vermicelli ဖာ ၄၀၊ Gaysorn ဟင်းသီးဟင်းရွက်ဆီ ၁၈၀၀ လီတာ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၇၀၀၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်သော Hino Bus တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀၀၀၀၀၀) ကို လည်းကောင်း၊ မတ် ၁၆ ရက်တွင် မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ ထွက်ခွာ လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း တင်ပြနိုင်ခြင်းမရှိသော M-150 အချိုရည် ဖာ ၁၀၀၊ Wai Wai Instant Rice Vermi-celli ၄၅ ဖာ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၂၇၅၀၀၀) နှင့် အဆိုပါပစ္စည်းများတင်ဆောင်သော ANKAI Bus တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၀၀၀၀၀၀) ကို လည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၉၇၅၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
လိုင်စင်မဲ့ယာဉ်ဖမ်းဆီး
ထို့ပြင် မတ် ၁၆ ရက်တွင် ရန်ကုန်တိုင်းဒေသ ကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ၊ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးရမိရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကမာရွတ်မြို့နယ် လှည်းတန်း လမ်းမပေါ် လှည်းတန်းဈေးရှေ့၌ ရပ်တန့်ထားသော လိုင်စင်မဲ့ Nissan March တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၀၀၀၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက် လျက်ရှိသည်။
အထောက်အထားတင်ပြနိုင်ခြင်းမရှိ
အလားတူ မတ် ၁၇ ရက်တွင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သံလွင်တံတား(မော်လမြိုင်) စစ်ဆေး ရေးဂိတ်၌ တာဝန်ကျစစ်ဆေးရေးအဖွဲ့က မုတ္တမ ဘက်အခြမ်း၌ သထုံမြို့သို့ သယ်ဆောင်ရန် စုပုံထား သောပစ္စည်းများကို သွားရောက်စစ်ဆေးခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြ နိုင်ခြင်းမရှိသော ထိုင်းနိုင်ငံထုတ် ပုစွန်နှစ်ကောင် စားသုံးဆီ ၁၂၉၀ လီတာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၁၈၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
သို့ဖြစ်ပါ၍ မတ် ၁၁ ရက်၊ ၁၂ ရက်၊ ၁၄ ရက်၊ ၁၅ ရက်၊ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၀၂၇၄၄၄၈) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်