
နေပြည်တော် မတ် ၁
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ် ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိရာ ယနေ့တွင် မန္တလေးတိုင်း ဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် (၁၆) မိုင် ကျောက်ချော စစ်ဆေးရေးစခန်း၌ အကောက်ခွန် ဦးစီးဌာန ဦးဆောင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက် စာတမ်း အထောက်အထား တစ်စုံ တစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် အလှကုန်ပစ္စည်းများ (ခန့်မှန်း တန်ဖိုး ငွေကျပ် ၈၆၄၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
အလားတူ ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတားကျိုး) စုပေါင်း စစ်ဆေးရေးစခန်း၌ ပူးပေါင်းစစ်ဆေး ရေးအဖွဲ့က စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ရေချိုးခန်း သုံး ရေပူစက် ၃၃ ခု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၁၆၀၀၀ဝ) ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။
သို့ဖြစ်ပါ၍ ယနေ့တွင် ဖမ်းဆီး ရမိမှု စုစုပေါင်းမှာ အမှုတွဲ နှစ်မှု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၈၀၀၀၀၀) ဖြစ်ကြောင်း တရား မဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်