တပ်မတော်တွင် သတ္တမအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသ (ပထမနေ့)

 

နေပြည်တော်  ဩဂုတ်  ၃


တပ်မတော်တွင်    ပထမအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှု ကို    ၂၀၂၂  ခုနှစ်  စက်တင်ဘာ ၂၇   ရက်နှင့်   ၂၈   ရက်တို့တွင် အသည်းအစားထိုးလူနာ     နှစ်ဦး ဖြင့်  အောင်မြင်စွာ    ခွဲစိတ်ကုသ ဆောင်ရွက်နိုင်ခဲ့သည်။  အသည်း အစားထိုး     ခွဲစိတ်ကုသမှုအား ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်အတွင်း  အသည်းအစားထိုး ခွဲစိတ်ကုသမှု  သုံးကြိမ်၊   လူနာ ကိုးဦးနှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ နှင့် မေလတို့တွင် လူနာခြောက်ဦး တို့အား     အောင်မြင်စွာ    ထပ်မံ ခွဲစိတ်ကုသဆောင်ရွက်ပေးနိုင်ခဲ့ သည်။ ယခုအခါ  သတ္တမအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှု အား လူနာ သုံးဦးဖြင့် ဆောင်ရွက် သွားမည်ဖြစ်ပြီး          ပထမနေ့ အသည်းအစားထိုးခွဲစိတ်ကုသမှု ကို ၂၀၂၄ ခုနှစ် ဩဂုတ် ၃ ရက်တွင် မင်္ဂလာဒုံမြို့နယ်ရှိ   တပ်မတော် ဆေးရုံကြီး(ခုတင် ၁၀၀၀)၊ အထူး ကုသမှုစင်တာ၌ ပြုလုပ်ခဲ့သည်။


အဆိုပါ အသည်းအစားထိုးခွဲ စိတ်ကုသမှုကို      တပ်မတော်မှ အသည်းအစားထိုး ခွဲစိတ်ကုသမှု အဖွဲ့နှင့် အိန္ဒိယနိုင်ငံမှ   အသည်း အစားထိုး   ခွဲစိတ်ကုသမှုအဖွဲ့တို့ ပူးပေါင်း   ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပြီး လူနာဖြစ်သူ ဦးတင်ယုနှင့် တူမဖြစ်သူ  အသည်းအလှူရှင် မသီရိဝင်းကို တို့ကိုခွဲစိတ်ကုသခဲ့ ခြင်းဖြစ်သည်။


အသည်းအစားထိုး   ခွဲစိတ် ကုသမှု       ဆောင်ရွက်ရာတွင် အသည်းအလှူရှင်   လူနာထံမှ အသည်းထုတ်ယူခြင်းကို နံနက် ၉    နာရီခွဲတွင်    စတင်ခဲ့ပြီး ထုတ်ယူရရှိသော   အသည်းကို ညနေ   ၅  နာရီခွဲခန့်တွင် အသည်း လက်ခံလူနာထံသို့          အစားထိုး ခွဲစိတ်ကုသခြင်း    ဆောင်ရွက်ခဲ့ ကာ စုစုပေါင်း ခွဲစိတ်ချိန် ၁၁ နာရီ ခန့်ကြာမြင့်ခဲ့သည်။    

   အသည်း အလှူရှင်လူနာနှင့်        အသည်း လက်ခံလူနာများ၏    ခွဲစိတ်ပြီး နောက်ပိုင်း     ကျန်းမာရေးအခြေ အနေမှာ   ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ်       ကုသခန်း၌ လိုအပ်သော ပြုစုကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူး များနှင့် သူနာပြု/ကျွမ်းကျင်သူ များက  ဆက်လက်ဆောင်ရွက်ပေး လျက်ရှိသည်။


အသည်းအစားထိုး   ခွဲစိတ် ကုသမှုကို တပ်မတော်မှ   တာဝန်ရှိ သူအရာရှိကြီးများက   ကြည့်ရှု အားပေးခဲ့ပြီး ဩဂုတ်  ၄ ရက်နှင့် ၅ ရက်တို့တွင်      ဆက်လက် ဆောင်ရွက်သွားမည်  ဖြစ်ကြောင်း သတင်းရရှိသည်။  

 
သတင်းစဉ်